ချီလီသမ္မတဟောင်း ဆီဘတ်စတိန်း ပင်နီရာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံး

0
128

ချီလီသမ္မတဟောင်းဖြစ်သူ ဆီဘတ်စတိန်း ပင်နီရာ အင်္ဂါနေ့က ရဟတ်ယာဉ်ပျက်ကျမှုတစ်ခုမှာ သေဆုံးသွားတာကြောင့် သူ သက်တမ်း နှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့တဲ့ တိုင်းပြည်အတွက် ဝမ်းနည်းပူဆွေးရမှုတွေ ဖြစ်စေခဲ့ပြီး လက်တင်အမေရိက တစ်ဝန်းမှာ ခေါင်းဆောင်များကလည်း ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြောခဲ့ကြပါတယ်။

အသက် ၇၄ နှစ်အရွယ် သမ္မတဟောင်းနဲ့ အခြားသုံးဦး လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ချီလီနိုင်ငံတောင်ပိုင်းက ရေကန်တစ်ခုအတွင်း ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်နေရာကို ကယ်ဆယ်ရေးသမားတွေ ရောက်ရှိအပြီး မကြာခင်မှာပဲ သမ္မတဟောင်း သေဆုံးသွားခဲ့တာဖြစ်ပြီး အခြားခရီးသည် သုံးဦးကတော့ အသက်ရှင်ခဲ့တယ်လို့ ဆိုပါတယ်။

ရဟတ်ယာဉ်ကို ပင်နီရာက မောင်းနှင်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်နှစ်ခုက ရိုက်တာကို ပြောဆိုခဲ့ပေမယ့် တာဝန်ရှိသူတွေကတော့ ဒါကို အတည်ပြုခြင်း မရှိသလို ရဟတ်ယာဉ် ဘယ်ကို ဦးတည်သွားနေတယ်ဆိုတာကိုလည်း ပြောဆိုခြင်း မရှိပါဘူး။

ပင်နီယာဟာ ချီလီတောင်ခြမ်းရှိ လှပသော ရေကန်တွေအနီးက Southern Hemisphere နွေရာသီအလှကို ခံစားရင်း မကြာခဏအချိန်ကုန်လေ့ရှိသလို အများအားဖြင့် ရဟတ်ယာဉ်ကိုလည်း သူကိုယ်တိုင် မောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။

ချီလီသမ္မတ ဂါဘရီရယ်လ် ဘောရစ်က နိုင်ငံတော် ဝမ်းနည်းပူဆွေးခြင်းအထိမ်းအမှတ် သုံးရက် သတ်မှတ်ကြောင်း ကြေညာခဲ့ပြီး ၂၀၁၀ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တို့မှာ သမ္မတတာဝန်ထမ်းဆောင်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းအတွက် သောကြာနေ့မှာ နိုင်ငံတော် ဈာပနကျင်းပပေးဖို့ ပြင်ဆင်နေခဲ့တယ်လို့ သိရပါတယ်။

Ref: ဆောက်ချိုင်းနား မောနင်းပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here