ဖားကန့်တိုက်ပွဲများကြောင့် မိုးကောင်း – ဖားကန့် ဓာတ်အားလိုင်းတိုင်များ ကျိုးကျ ပျက်ဆီး

0
199

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်းကျေးရွာနှင့် (၇) မိုင်ကျေးရွာအနီး တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မိုးကောင်း-ဖားကန့် သွယ်တန်းထားသော ဓာတ်အားလိုင်းတိုင်များကျိုးကျ ပျက်ဆီးမှုဖြစ်ပေါ်ခဲ့ကြောင်း ဖားကန့်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။

အဆိုပါ ဓာတ်အားလိုင်းများမှာ (၆၆) KV ရှိ ဓာတ်အားလိုင်းဖြစ်ပြီး တိုင်များကျိုးခြင်း၊ ကြိုးပြတ်ခြင်း၊ ကြိုးလွန်းများပျက်စီးခြင်းတို့ နေရာ (၃)နေရာခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်နှင့် အနီးတစ်ဝိုက်ကျေးရွာများတွင် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ပျက်စီးမှုနှင့် ပတ်သက်၍ ယမန်နေ့ ဇန်နဝါရီ (၆) ရက်က ဖားကန့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ဓာတ်အားလိုင်း ပျက်စီးမှုများအား ပြန်လည်ပြုပြင်ရန်အတွက် အချိန်(၂) ပတ်မှ (၃)ပတ်ခန့်အထိ ကြာမြင့်မည်ဟု ခန့်မှန်းရကြောင်း ဆိုသည်။

ဓာတ်အားလိုင်းပြုပြင်မည့်နေရာအား  နယ်မြေလုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ခွင့်ပြုချက်ရရှိပါက ဓာတ်အားလိုင်းပြန်လည်ပြုပြင်ခြင်း လုပ်ငန်းအား စောလျင်စွာဆောင်ရွက်နိုင်မည်ဟု ဖားကန့်မြို့နယ်လျှပ်စစ်အင်ဂျင် နီယာရုံးက အသိပေးထားသည်။

ဖားကန့်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးအတွက် မြို့နယ် လျှပ်စစ်ရုံးမှဝန်ထမ်းများနှင့် မဟာဓာတ် အားလိုင်းမူးရုံး (ဝိုင်းမော်)မှ ဝန်ထမ်းများက အချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here