ပြည်မြို့၊ မှော်ဇာနယ်မြေတွင် အမျိုးသား (၁)ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား

0
249

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ၊ မှော်ဇာနယ်မြေတွင် အသက် (၄၃) နှစ်အရွယ် အမျိုးသား (၁)ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီ (၇) ရက်၊ နံနက် (၉) နာရီခွဲအချိန်ခန့်က ပြည်မြို့၊ မှော်ဇာနယ်မြေ၊ တောင်ခွေးရဲရွာအကျော်တွင် အမျိုးသား (၁)ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားသဖြင့် အရေးပေါ် လာရောက် ကူညီပေးပါရန် ဆက်သွယ်အကြောင်း ကြားသ ည့်အတွက် သွားရောက်ကူညီခဲ့ခြင်းကြောင်း သိရသည်။ 

ဖြစ်စဉ်အား နယ်မြေခံ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် ‌သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအား ပြည်မြို့ ကုတင် (၅၀၀) ဆေးရုံကြီး ရင်ခွဲရုံသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) ပရဟိတပါရမီမှ အရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here