အီရတ်နိုင်ငံတွင် ကျင်းကမည့် မီနီမာရသွန်ပြိုင်ပွဲတွင် မြန်မာမှ ကစားသမား (၂) ဦးဝင်ရောက်ယှဥ်ပြိုင်မည်

0
134

အီရတ်သမ္မတနိုင်ငံ၊ ဘဂ္ဂဒက်မြို့၌ ဖေဖော်ဝါရီလ (၉)ရက်တွင် ကျင်းပပြုလုပ်မည့် (၃)ကြိမ်မြောက် ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာ မီနီမာရသွန်ပြိုင်ပွဲ (The 3rd Baghdad Inter national Half Marathon) ကို မြန်မာနိုင်ငံမှ ကစားသမား (၂) ဦး ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်၊ အထွေ‌ထွေအတွင်းရေးမှူး ဦးကျော်ထူးအောင်နှင့် ကစားသမား (၂)ဦးဖြစ်သည့် ကျော်မင်းအော င် နှင့် အိအိဝိုင်းတို့သည် ယနေ့ ဖေဖော်ဝါရီ (၇)ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ကစားသမားနှစ်ဦးအား မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးရှိန်ဝင်းမှ တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင် ဖိနပ်များနှင့် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြော င်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here