အင်ဒိုနီးရှား ဖူဆယ်လိဂ် ချန်ပီယံအသင်းကို ၁၁ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း

0
113

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အင်ဒိုနီးရှား ဖူဆယ်လိဂ်ချန်ပီယံ Bintang Timur Futsal Club အသင်းကို ၁၁ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် အင်ဒိုနီးရှား ဖူဆယ်လိဂ် ချန်ပီယံ Bintang Timur Futsal Club အသင်းတို့ ယ နေ့ညနေက အင်ဒိုနီးရှားနိုင်ငံ Surabara မြို့ရှိ Baskhara Futsal Arena တွင်ယှဥ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည်  AFC Futsal Asian Cup 2024 ပြိုင်ပွဲ အတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ (၉) ရက်တွင် Bintang Timur Futsal Club အသင်းနှင့်ပြန်လည်ကစားမည်ဖြစ်ပြီး ဖေဖော်ဝါရီ (၁၀) ရက်တွင် Regional East Java Team နှင့်ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here