အစ္စရေးတပ်များဆုတ်ခွာခြင်းပါဝင်သည့် ၁၃၅ ရက်ကြာအပစ်အခတ်ရပ်စဲရေး ဟားမတ်စ်အဆိုပြု

0
228

ဒိုဟာ၊ဖေဖော်ဝါရီ ၇

ဟားမတ်စ်စစ်သွေးကြွအဖွဲ့သည် လေးလခွဲကြာ စစ်ပြေငြိမ်းရေးအစီအစဉ်အား အဆိုပြုခဲ့ပြီး ယင်းကာလအတွင်း ဓါးစာခံများအားလုံး ကို လွှတ်ပေးကာ အစ္စရေးတပ်များအနေဖြင့်လည်း ဂါဇာကမ်းမြောင်ဒေသမှ အပြီးတိုင်ဆုတ်ခွာပေးရန် ​ေတာင်းဆိုခဲ့ပြီး ယင်းသဘောတူညီချက်မှတစ်ဆင့် စစ်အပြီးတိုင်ရပ်နိုင်ရေးအထိပါ ရောက်နိုင်သည်ဟုဆိုခဲ့သည်။

ကာတာနှင့်အီဂျစ်တို့သည် ပြီးခဲ့သည့်အပတ်က အစ္စရေးနှင့်ဟားမတ်စ်အကြား ကြားဝင်ညှိနှိုင်းပေးသည့်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကိုကမ်းလှမ်းခဲ့သည့်အပေါ် ဟားမတ်စ်အဖွဲ့ဘက်မှ ယခုကဲ့သို့ ပြန်လည်တုန့်ပြန်လာခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ အစ္စရေးက တရားဝင်ထုတ်ပြန်ကြေငြာခြင်းမျိုးမရှိသေးသကဲ့သို့ အစ္စရေးသည်လည်း ဟားမတ်စ်အဖွဲ့အား အပြီးတိုင်မသုတ်သင်နိုင်မချင်း တပ်ဆုတ်ပေးမည်မဟုတ်ကြောင်း ယခင်ကဆိုထားခဲ့ဖူးသည်။

ရိုက်တာသတင်းဌာနကဖော်ပြခဲ့သော ဟားမတ်စ်အဖွဲ့၏ အပစ်အခတ်ရပ်စဲရေးတောင်းဆိုချက်မူကြမ်းတွင်မူ အဆင့်သုံးဆင့်ပါဝင်ပြီး တစ်ဆင့်ချင်းစီသည် ၄၅ ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။ ပထမအဆင့်အနေဖြင့် အစ္စရေးဓါးစာခံနှင့် ပါလက်စတိုင်းအကျဉ်းသားများကို လဲလှယ်မည်ဖြစ်ကာ ဒုတိယအချက်အနေဖြင့် ဂါဇာဒေသ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်မည်ဟုပါရှိသည်။

သို့သော် ယင်းသို့အကောင်အထည်ဖော်နိုင်ရေးအတွက် နောက်ဆုံးအချက်အနေဖြင့် အစ္စရေးတပ်များ ဂါဇာကမ်းမြောင်ဒေသမှ အပြည့်အဝဆုတ်ခွာပေးရမည်ဖြစ်သည်ဟုလည်းပြောကြားခဲ့ပြီး သေဆုံးသွားခဲ့သည့်သူများ၏ ရုပ်အလောင်းနှင့်အကြွင်းအကျန်များကိုပါ လဲလှယ်မည်ဟုလည်းဖော်ပြပါရှိသည်။

ကာတာနှင့်အီဂျစ်တို့၏ကြားဝင်စေ့စပ်မှုဆောင်ရွက်ရန် ဆုံးဖြတ်မှုပြီးလျှင်ပြီးချင်း ညတွင်းချင်းပင် အ မေရိကန်နိုင်ငံခြားရေးဝန်ကြီးသည်လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနှင့် အစ္စရေးသမ္မတတို့နှင့်တွေ့ဆုံရန် အစ္စရေးသို့ရောက်ရှိနေသည်ဟုလည်းသိရှိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here