အီရတ်မှာ အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာ အဆင့်မြင့်တပ်မှူးတစ်ဦး သေဆုံး

0
158

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်မှာ ဗုဒ္ဓဟူးနေ့ညပိုင်းက အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့် ကားတစ်စီး ပေါက်ကွဲထွက်သွားခဲ့ပြီး သြဇာကြီး Kataib ဟစ်ဇ်ဘိုဘာပြည်သူ့စစ်အဖွဲ့ရဲ့ အဆင့်မြင့် တပ်မှူးတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ယင်း တပ်မှူးဟာ ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာမှာ တိုက်ရိုက်ပါဝင် စီမံတဲ့ တာဝန်ရှိသူဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောဆိုပါတယ်။

ဘဂ္ဂဒက်အရှေ့ပိုင်း Mashtal ရပ်ကွက်ရှိ အဓိကလမ်းမတစ်ခုပေါ်က ကားတစ်စီးကို တိကျသေချာစွာ ထိမှန်ပေါက်ကွဲခဲ့တာဖြစ်ပြီး အပျက်အစီးအပိုင်းအစတွေကို အရေးပေါ်အဖွဲ့တွေက လိုက်လံရှာဖွေနေစဉ် လူတွေ စုဝေးရောက်ရှိခဲ့ကြပါတယ်။ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ယခုဖြစ်ရပ် ပေါ်ပေါက်ခဲ့တာလည်းဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် အရာရှိတွေက ကြိုတင်အသိပေးတာမျိုး မရှိဘူးလို့ ပြောဆိုထားတဲ့ အီရတ်အစိုးရခေါင်းဆောင်တွေအတွက် ဒီဖြစ်ရပ်က ပိုဒေါသထွက်စရာ ဖြစ်လာမှာပါ။

အီရတ်လုံခြုံရေးတပ်ဖွဲ့တွေက သံရုံးအဆောက်အအုံတွေ တည်ရှိရာ ဂရင်းဇုန်ကို လုံခြုံရေးတင်းကျပ် ပိတ်ဆို့ထားလိုက်ပြီး ဆန္ဒပြနေသူတွေ အမေရိကန်သံရုံးအတွင်း စီးနင်းဝင်ရောက်ကြဖို့ လူမှုကွန်ရက်ပေါ်မှာ လှုံဆော်တိုက်တွန်းနေတာကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ အရေအတွက်နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ချက်တွေမှာ ကွဲလွဲမှုရှိနေပြီး အမေရိကန် အရာရှိတွေက ပြောဆိုရာမှာတော့ ကနဦး အကဲဖြတ်ချက်အရ သေဆုံးသူ တစ်ဦးတည်းဖြစ်ကြောင်းနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးတာမျိုး မရှိခဲ့ကြောင်း ဆိုခဲ့ပါတယ်။ သို့ပေမယ့် အီရန်​ကျော ထောက်နောက်ခံပြု ပြည်သူ့စစ် အရာရှိနှစ်ဦးကတော့ Kataib ဟစ်ဇ်ဘိုလာရဲ့ ဆီးရီးယား စစ်ဆင်ရေးတာဝန်ခံဖြစ်သူ မိုဟာမက် ဆာဘီယာ အယ်ဆာဒီ အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဆိုခဲ့ကြပါတယ်။

Kataib ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အမေရိကန် ကျူးကျော်တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အယ်ဆာဒီ သေဆုံးခဲ့တယ်လို့ နောက်ပိုင်းမှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

Ref: ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here