ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို အမေရိကန်ဒေါ်လာ ၈ သန်း ထပ်မံရောင်းချပေး

0
162

မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ယနေ့ ဖေဖေါ်ဝါရီလ (၈) ရက်တွင် ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၈ သန်း ထပ်မံရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ပြင်ပငွေကြေးဈေးကွက်အတွင်း နိုင်ငံ ခြားငွေရောင်းချခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၈) ရက်နှင့် (၂၁)ရက် တို့တွင် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအ တွက် ဒေါ်လာ ၂၂.၁၅ သန်း စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ် လာ ၆၆.၉၃ သန်း၊ ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၃၂ သန်း၊ ထိုင်းဘတ် ၃၁၃.၅ သန်းနှင့် တရုတ်ယွမ် ၄ သန်းတို့ကို နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ငွေကြေးဈေးကွက်အတွင်း ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန်အတွက် အမရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေများကို သန်းနှင့်ချီ ရောင်း ချပေးနေခြင်းဖြစ်သည်။

လက်ရှိတွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာရည်ညွှန်းဈေး ၂၁၀၀ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်အတွင်း တစ်ဒေါ်လာ ၃၅၀၀၊ ထိုင်းဘတ် ၉၇ – ၉၉ ကျပ်နှင့် တရုတ်ယွမ် ၄၈၀-၄၉၀ ကျပ် ဈေးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here