ပဲခူးမြို့နယ် ဘုရားကြီးလမ်းဆုံအနီးရှိ ရေခဲမုန့်ဆိုင်တွင် အေးခဲရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား

0
174

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးလမ်းဆုံအနီး၊ အမှတ်(၃)ရပ်ကွက်၊ မင်းလမ်းရှိ ဌေးဌေးမြတ် ရေခဲမုန့်ဆိုင်တွင် အေးခဲရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ် ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီ (၈)ရက်၊ နံနက်အစောပိုင်း ၊ (၆)နာရီ (၂၀) မိနစ်အချိန်ခန့်က ပဲခူးမြို့၊ ဘုရားကြီးလမ်းဆုံအနီး၊ အမှတ် (၃)ရပ်ကွက်၊ မင်းလမ်း (ရန်ကုန် – မန္တလေးလမ်းဟောင်းဘေး)ရှိ ဌေးဌေးမြတ် ရေခဲမုန့်ဆိုင်တွင်  မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ပဲခူးမြို့ နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ ဘုရားကြီးနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် ဒေသခံများမှ ဝိုင်ဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် (၆)နာရီ (၄၅)အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ အေးခဲရေသေ တ္တာ (၉)လုံး၊ ရိုးရိုးရေခဲ သေတ္တာ(၂)လုံး၊ ထွန်းသစ်ဆေးဆိုင်မှ ဆေးပစ္စည်းမျိုးစုံနှင့် ကိုကာကိုလာ ရေခဲသေတ္တာ (၁)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရ င်းမြစ်များထံမှ သိရသည်။

မီးလောင်မှု ဖြစ်စဉ်နှင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို မီး သတ်တပ်ဖွဲ့မှ တွက်ချက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here