စလင်းမြို့နယ်တွင် အာလူးတန် (၅၀၀) သိုလှောင်နိုင်သည့် အာလူးအအေးခန်း သိုလှောင်ရုံ တည်ဆောက်မှုပြီးစီး

0
197

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ မြောက်ချောင်းဖြူကျေးရွာအုပ်စုတွင် အာလူးတ န် (၅၀၀) သိုလှောင်နိုင်သည့် အာလူးအအေးခန်း သိုလှောင်ရုံတည်ဆောက်မှု ပြီးစီးပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

အဆိုပါအအေးခန်း သိုလှောင်ရုံ တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှုကို ဖေဖော်ဝါရီ (၆)ရက် နံနက်ပိုင်းက မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရ အဖွဲ့ဝင် များက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

၄င်း အအေးခန်းသိုလှောင်ရုံကို အာလူးစိုက်တောင်သူ (၄၁) ဦးအား သမဝါယမအသင်းဖွဲ့စည်းကာ ယင်းအဖွဲ့ဝင်များ၏ အစုရှယ်ယာ ထည့်ဝင်ငွေ ကျပ်သိန်း (၂၇၀၀)နှင့် တိုင်းဒေသကြီး နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေရယူကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက စတင်တည် ဆောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အာလူးအအေးခန်း သိုလှောင်ရုံအား ဆင်ဖြူကျွန်းမြို့၊ မြောက်ချောင်းဖြူကျေးရွာ ကွင်းအမှတ် (၃၀ ၈-က) ဧရိယာ (၃.၀၀) ဧကတွင် အလျား (၁၂၀ ပေ× ၉၀ ပေ ×၂၅ ပေ) သံကူတိုင်ယက်မ အုတ်စီသွပ်မိုးတို့ဖြင့် တည် ဆောက်ခဲ့ရာ အာလူးတန် (၅၀၀) သိုလှောင်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် (၁၀၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အာလူးအအေးခန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချ က်များတွင် အသုံးပြုနိုင်မည့် (transformer) တပ်ဆင်ပေးရန် အာလူးအအေးခန်းသိုလှောင်ရုံ တာဝန်ယူတည် ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ဝန်ကြီးချုပ်အား တင်ပြရာ ဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here