မြန်မာအစိုးရအနေဖြင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဦးစားပေးကဏ္ဍ (၅)ရပ်ဖြင့် လုပ်ဆောင်နေ

0
115

မြန်မာအစိုးရ အနေဖြင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးပတ် သက်၍ ဦးစားပေးကဏ္ဍ (၅)ရပ်ဖြင့် လုပ်ဆောင်နေကြောင်း ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက ပြောသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (International Narcotics Control Board-INCB) က မကြာမီထုတ်ဝေမည့် ၂၀၂၃ ခုနှစ်အတွက် နှစ်စဉ်အစီရင်ခံစာနှင့် ဓာတုပစ္စည်းဆိုင်ရာ အစီရင်ခံစာများနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် သံအမတ်ကြီး ဦးမင်းသိမ်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားကို ဩစတီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ အပြည်ပြည်ဆိုင်ရာစင်တာ၌ ဖေဖော်ဝါရီ (၇)ရက်က ကျင်းပခဲ့ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဘာသာရပ်တာဝန်ခံ သံမှူး ဦးရဲမောင်သိမ်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် INCB ဥက္ကဋ္ဌက အစီရင်ခံစာများနှင့်ပတ် သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များကလည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မူးယ စ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအား ကုလသမဂ္ဂ ကွန်ဗင်းရှင်းများတွင် ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် ပိုမိုကိုက်ညီစေရန် ပြင်ဆင်ရေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က ၎င်း၏ ဆွေးနွေးချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ကိုယ့်အားကိုယ်ကိုးလျက် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရာတွင် အထူးစစ်ဆင်ရေးများကို နိုင်ငံတစ်ဝန်း၌ ဆောင်ရွက်လျက်ရှိပြီး၊ ၂၀၂၂ ခုနှစ်တွင် မူး ယစ်ဆေးဝါး အမေရိကန်ဒေါ်လာ (၆၄၂) သန်းဖိုး၊  ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၄၄၆) သန်း တန်ဖိုးဖမ်းဆီးရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ် ကြောင်း ၎င်းကဆိုသည်။ 

ထို့အပြင် ဒေသတွင်းအဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ၊ ဒေသပြင်ပမှ မိတ်ဆွေနိုင်ငံများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ တစ်ကမ္ဘာလုံးအတွက် အန္တရာယ်ရှိသည့် မူးယစ်ဆေးဝါး ပြဿနာကို တိုက်ဖျက်ရာ၌ UNODC နှင့် နိုင် ငံတကာအသိုက်အဝန်းတို့အနေဖြင့် ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံနှင့်လည်း လက်တွဲ ပူးပေါင်း ဆောင်ရွက်ရန်၊ ကူညီပံ့ပိုးပေးရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒကို ဦးစားပေးကဏ္ဍ (၅)ရပ်ဖြစ်သော ရောင်းလိုအား လျှော့ချရေး၊ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး၊ ဝယ်လိုအားနှင့် မူးယစ်ဆေးဝါးအန္တရာယ်လျှော့ချရေး၊သုတေသနပြုရေးနှင့် လူ့အခွင့် အရေးနှင့်အညီဆောင်ရွက်နေ
ကြောင်းလည်း သံအမတ်ကြီး ဦးမင်းသိမ်းက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here