အင်းစိန်‌ထောင်အနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက် ကွဲမှုဖြစ်ပွား

0
205

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်အနီးရှိ စျေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နေ့လယ်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ (၈) ရက်၊ နေ့လယ် (၁၂)နာရီ (၂၇) မိန စ်အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းပေါ်အင်းစိန် ထောင်နှင့် အင်းစိန်မီးသတ်အနီးတွင် ရှိနေသည့် စျေးကုန်းအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

“အင်းစိန်ထောင်အဓိက ဝင်ပေါက်နားက အုပ်ချုပ်ရေးမှုးရုံးနားမှာဖြစ်တာ၊ ပေါက်ကွဲမှုကတော့ ပြင်းတယ်။ လူထိခိုက်သံတော့ မကြားပါဘူး။ ကားတစ်စီး‌ ပျက်စီးသွားပါတယ်” ဟု အင်းစိန်ထောင်အနီးနေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် လူထိခိုက်မှုမရှိခဲ့ဘဲ လုံ ခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ (၁၉) ရက်ကလည်း အင်းစိန်ထောင်ပင်မဂိတ်ရှိ ထောင်ဝင်စာလက်ခံသည့်နေရာတွင် ဗုံးပေါက်ကွဲမှုကြောင့် (၈)ဦးထက်မနည်း သေဆုံးခဲ့ပြီး ထောင်ဝန်ထမ်းများအပါအဝင် (၁၈) ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ထို့အပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်ကလည်း အင်းစိန်ထောင်တစ်ဖက်ခြမ်းရှိ CB Bank အရှေ့တွင်  ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here