ဘဏ်ကိုယ်စားလှယ်လုပ်ငန်း (Banking Agent) လုပ်ကိုင်ခွင့်အား လျှောက်ထားခွင့်ပြု

0
192

လက်လှမ်းမမီသည့် ပြည်သူများ ငွေရေးကြေးရေးဆိုင်ရာဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရရှိစေရန် ဘဏ်လုပ် ငန်းများကို ကိုယ်စား လှယ်ဆောင်ရွက်နိုင်မည့် ဘဏ်ကိုယ်စားလှယ်လုပ်ငန်း (Banking Agent) လုပ်ကိုင်ခွင့်အားလျှော က်ထားနိုင်ပြီဖြစ်ကြောင်း  ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပေ‌ဒေပုဒ်မ ၁၈၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဘဏ်လုပ်ငန်းစနစ်လုံခြုံမှုနှင့် ခိုင်မာမှုကို မထိခိုက်စေဘဲ သက်ဆိုင်ရာဘဏ်က မိမိကိုယ်စားလှယ် ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် မူဘောင်တစ်ခု သတ်မှတ်ပေးခြင်းဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုအား လက်လှမ်းမမီသည့် ပြည်သူများ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရရှိစေရန်နှင့် ငွေ ရေးကြေးရေးစနစ်တွင် အလုံးစုံပါဝင်လာရေးကို တိုးမြှင့်ပေး နိုင်ရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘဏ်လုပ်ငန်းများကို ကိုယ်စားလှယ်ဆောင်ရွက်နိုင်မည့် ဘဏ်ကိုယ်စားလှယ်လုပ်ငန်း (Banking Agent) လျှော က်ထားရာတွင် အဆိုပြု ကိုယ်စားလှယ်အမည်၊ တည်နေရာ၊ လိပ်စာနှင့် ဖုန်းနံပါတ်များ၊အဆိုပြု ကိုယ်စားလှယ်က လျှောက်လွှာမတင်မီ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဆောင်ရွက်ခဲ့သ ည့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများ၊ အထက်ပါညွှန် ကြားချက်နှင့် သက်ဆိုင်ရာ အခြားတည်ဆဲဥပဒေများနှင့်အ ညီ ချုပ်ဆိုမည့်ဘဏ်နှင့် ကိုယ်စားလှယ်တို့အကြား သဘော တူစာချုပ်(မူကြမ်း) တို့ကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကိုယ်စားလှယ်ခန့်အပ်ဆောင်ရွက်သော ဘဏ်လုပ်ငန်းသည် ဗဟိုဘဏ်က အကောင် အထည်ဖော် ဆောင်ရွက်နေသော
ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းနှင့် ပေါင်းစပ်လုပ် ဆောင်ရမည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်ခန့်အပ်ခြင်းအတွက် အဖွဲ့အစည်းတစ်ခုလျှင် ဝန်ဆောင်မှုစရိတ် ကျပ် ၂၀၀,၀၀၀ အားဗဟိုဘဏ်သို့ ပေးသွင်းရမည်ဖြစ်သည်။

ဘဏ်များအနေဖြင့် ကိုယ်စားလှယ်ခန့်အပ်၍ ဘဏ်လုပ်ငန်းဆောင်ရွက်ခွင့် လျှောက်ထားရာတွင် အဆိုပြု ကိုယ်စားလှယ်အားလုံးအတွက် ခွင့်ပြုချက်အား စုပေါင်း၍ လျှောက် လွှာတစ်ခုတည်းဖြင့်သာ လျှောက်ထားရမည်ဖြစ်ပြီး ထပ်မံခန့်ထားလိုသည့် ကိုယ်စားလှယ်များအတွက် ခွင့်ပြုချက်အား နှစ်စဉ် (၃)လလျှင် တစ်ကြိမ် (မတ်လ၊ ဇွန်လ၊ စက် တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်) လျှောက်ထားနိုင်ကြောင်း သိရသည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ပြည့်စုံသည့်လျှောက်လွှာကို လက်ခံရရှိသည့်နေ့မှ (၃)လအတွင်း ခွင့်ပြုကြောင်း စာဖြင့် အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here