ဖေဖေါ်ဝါရီ (၈) ရက်အထိ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေသည့် နိုင်ငံခြား သား ၅၀၆၁၉ ဦးကို လွှဲပြောင်းပေးအပ်ပြီးဖြစ်

0
359

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင်  တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသား ၅၀၆၁၉ ဦးကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများထံ သို့ ဆက်လက်လွှဲပြောင်း ပေးအပ်ထားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် နယ်စပ်ဒေသများ အပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး  နယ်စပ်ဒေသများမှ တဆင့် မြန်မာနိုင်ငံအတွင်းသို တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင် ရာ နိုင်ငံများထံ ပြန်လည်လွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ လွှဲပြောင်းလျက်ရှိရာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၅) ရက်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၈) ရက်အထိ တရုတ်နိုင်ငံသား (၄၈၈၀၃) ဦး၊ ဗီယက်နမ်နိုင်ငံသား (၁၀၇၁) ဦး၊ ထိုင်းနိုင်ငံသား (၅၃၇) ဦး၊ မလေးရှားနိုင်ငံသား (၁၃၃) ဦး၊ ကိုရီးယားနိုင်ငံသား (၂၀) ဦးနှင့် လာအိုနိုင်ငံသား (၁၈) ဦး၊ နိုင်ငံခြားသား စုစုပေါင်း (၅၀၆၁၉) ဦးကို သက်ဆိုင်ရာ နိုင်ငံများမှ တာဝန်ရှိသူများထံ စနစ်တကျ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စီစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here