ထိုင်းက အလိုရှိနေသည့် သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင်ကို ကော့သောင်းခရိုင်တရားရုံးက ဖမ်းဝရမ်းထပ်ထုတ်

0
245

ထိုင်းအထူးစုံစမ်းရေးအဖွဲ့ (DSI) က အလိုရှိနေသည့် သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်ကို ကော့သောင်းခရိုင်တရားရုံးက ဖေဖေါ်ဝါရီ (၇) ရက်တွင် ဖမ်းဝရမ်းထပ်ဆင့်ထုတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသား ခံယူထားသည့် သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်(ဘ) ဦးအလီကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့ (DSI)က တရားမဝင် အွန်လိုင်းလောင်းကစားမှု ၊ အခွန်တိမ်း ရှောင်မှုနှင့် ငွေဖြူငွေမဲအမှုတွေနဲ့ အလိုရှိနေခြင်းဖြစ်ပြီး၎င်း အပါအဝင် လူ(၁၈) ဦးကို ယခုလ အစောပိုင်းတွင် ဖမ်းဝရမ်း ထုတ်ခဲ့ခြင်း ဖြစ်သည်။

ကော့သောင်းခရိုင်တရားရုံးက ထုတ်ခဲ့သည့် ဖမ်းဝရမ်းတွင်ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ပိတောက်လမ်း၊အမှတ် (၂၅၀) နေ ဦးကျော်လွင် (ဘ) ဦးအလီသည် တရားမဝင် Online လောင်းကစားမှုများပြုလုပ်ခြင်း၊ ယင်းတရားမဝင် လောင်းကစားမှုများမှ ရရှိသော ငွေကြေးများ၊ ပစ္စည်းများကို အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းများ ပြုလုပ်သည်ဟု သံသယဖြစ်ဖွယ်ရာ တွေ့ရှိရခြင်းများကြောင့် ဖမ်းဝရမ်း ထုတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ 

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလဆန်းပိုင်းက ထိုင်းအထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန (DSI) က ထိုင်းနိုင်ငံအတွင်းရှိ ဦးကျော်လွင်ပိုင်အဆောက်အဦးအချို့နှင့် ဆက်စပ်နေရာ (၂၇) ခုကို ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ဦးကျော်လွင်အပါအဝင် (၁၈) ဦးကို ဝရမ်းထုတ်ဆင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဝရမ်းထုတ်ခံရသူ (၁၈) ဦးအနက် (၇) ဦးဖမ်းမိထားပြီး ဘတ်ငွေ (၅၅) သန်း၊ ရွှေ (၃၅၀) ကီလိုဂရမ်၊ မြေပိုင်ဆိုင်မှုသဘောတူ စာချုပ် (၈)ခုနှင့် ကွန်ဒိုမီနီယံပိုင်ဆိုင်မှု စာချုပ်များ၊ ဇိမ်ခံကား (၈)စီး၊ အဆောင်ပစ္စည်း (၉၇)ခု၊ တန်ဖိုးကြီး လက်ပတ်နာရီ (၄၇) လုံး၊ သေနတ် (၁၀) လက်နှင့် တန်ဖိုးကြီး ဒီဇိုင်နာအိတ်များ၊ ဖိနပ်များနှင့် အဝတ်အထည်များအစရှိသည့် တန်ဖိုးမြင့် ပစ္စည်းပေါင်း (၄၀၀) ကျော် သိမ်းဆည်းရမိကြောင်းလည်း ထိုင်းအာဏာပိုင်များက အသိပေး ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here