ကမ္ဘောဒီးယားဖိုက်တာကို ဒိုင်အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည့် အဲမွီ

0
122

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားတစ်ဦးဖြစ်သည့် အဲမွီသည် ကမ္ဘောဒီးယား ဖိုက်တာကို ဒိုင်အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားဖိုက်တာ ဖောဆော်ဖုန်း နှင့် အဲမွီ တို့သည် ကမ္ဘောဒီးယား ဖနွမ်းပင်မြို့၌ ယနေ့ ဖေဖော်ဝါရီလ ၈ ရက် ညတွင် (၃) မိနစ် (၃) ချီ (၁၂) အောင်စ လက်အိတ် ခွန်ခမာအမှတ်ပေးစည်းမျဉ်းဖြင့် ထိုးသတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ယှဥ်ပြိုင်ထိုးသတ်ရာတွင် (၃) မိနစ် (၃) ချီပြည့်သည်အတွက် အနိုင်အရှုံးမပေါ်ခဲ့ဘဲ ဒိုင်အဆုံးအဖြတ်ခံယူရာတွင် ဒိုင်အမှတ်ဖြင့် ကမ္ဘောဒီးယားဖိုက်တာ ဖောဆော်ဖုန်းကအနိုင်ရရှိခဲ့သည်။

ရွှေခါးပတ်ချန်ပီယံတစ်ဦးဖြစ်သည့် မြန်မာလက်ဝှေ့ကစားသမားအဲမွီသည် ယခုနှစ်အတွင်း One Championship တွင် ထိုးသတ်ရန် ကြိုးစားနေသူတစ်ဦးလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here