နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ယနေ့ဖေဖေါ်ဝါရီ (၈) ရက်ရက်စွဲဖြင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၁၉ / ၂၀၂၄ ဖြင့် ဒေါ်ခင်အုန်းတင့်အား ပဲခူးတိုင်းဒေသကြီး တ ရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့် အပ်မှုကို နစက အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကောင်စီအတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။