ရွှေတိဂုံ စေတီတော်တွင် (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲတွင်တစ်ဒယ်လျှင်  ၆၅၀၀၀ ကျပ်နှုန်းဖြင့်ကုသိုလ်ပါဝင်နိုင်

0
150

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတော်မြတ်ကြီးတွင် (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲကို ၁၃၈၅ ခုနှစ်၊ တပို့တွလဆန်း (၁၄) ရက် ဖေဖော်ဝါရီ (၂၃) ရက် ညနေ (၄) နာရီတွင် အရှေ့ဖက် အောက်ပစ္စယံ၌ ရွှေတိဂုံစေတီတော် ဗုဒ္ဓဝေယျာဝေစ္စအသင်းများ ၊ အခွန်ထမ်းများ၊ မိတ်ဖက်အသင်းများနှင့် ရွှေတိ ဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးဌာနများပါဝင်သော အသင်း (၂၈) သင်းတို့ဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တပို့တွဲလပြည့်နေ (၂၄) ရက်နေ့ နံနက် (၅) နာရီတွင် ဧည့်ခံတန်ဆောင်းနှင့် အာရုံခံတန်ဆောင်းများ၌ ထမနဲဆွမ်းတော်ကြီး ကပ်လှူခြင်းနှင့် ဩဝါဒပါတိမောက် အခါတော်နေ့အခမ်းအနားကျင်းပခြင်း ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒစရိယ ဆရာတော်များနှင့် သံဃာတော် (၆၄) ပါးတို့အား ထမနဲဆွမ်းတော်ကြီးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ နံနက် ၇ နာရီတွင် ချမ်းသာကြီးတ န်ဆောင်၌ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ‌ပေးဝေခြင်း အခမ်းအနားများကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထမနဲ တစ်ဒယ်လျှင်  ၆၅၀၀၀ ကျပ်နှုန်းဖြင့် ရဟန်းရှင်လူပြည်သူအများ ပါဝင်ကုသိုလ်ပြုနိုင်သည့်အပြင် ဆွမ်းဆန် စိမ်းလောင်းလှူနိုင်ကြောင်း ရွှေတိဂုံစေတီ ဂေါပကအဖွဲ့က အသိပေးထားသည်။

ထို့အပြင် ကျပ် ၁၀၀၀၀ နှင့် အထက်ပါဝင် ကုသိုလ်ယူလှူဒါန်းသည့် အလှူရှင်များကို ထမနဲလက်ဆောင်များ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here