စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်စဉ် စပါး ဧကသိန်း (၂၀) ကျော်ပုံမှန်စိုက်ပျိုး

0
215

စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်စဉ် မိုးစပါးစိုက်ဧက (၁၈) သိန်းကျော်နှင့် နွေစပါး စိုက်ဧက(၂)သိန်းကျော် စုစုပေါင်းဧကသိန်း (၂၀) ကျော်အား ပုံမှန်စိုက်ပျိုးလျက်ရှိကြောင်းစ စ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှုး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။

“စိုက်ပျိုးရေးကဏ္ဍ အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးဟာ သီး နှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်နေတဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးသီးနှံတွေရဲ့ စိုက်ပျိုး မြေဧရိယာ အသုံးချမှု တိုးတက်ဖို့၊ တစ်ဧကထုတ်လုပ်မှု စွမ်းအား တိုးတက်ဖို့နဲ့ တောင်သူတွေ ဝင်ငွေတိုး တက်ရေးအတွက် ဆောင်ရွက်ရာမှာ စိုက်ပျိုးနေတဲ့ သီးနှံအလိုက်ပန်းတိုင်အထွက် နှုန်းရရှိ ဖို့ဆောင်ရွက်နေပါတယ်” ဟု ဦးဝင်းလှိုင်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ်စိုက်ပျိုးရေး ဆွေးနွေးပွဲနှင့်ပြပွဲကို ဖေဖော်ဝါရီလ (၇) ရက်၊ နံနက်ပိုင်းက မုံရွာမြို့ရှိ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်း မတွင်ကျင်းပခဲ့သည်။

ပြပွဲတွင် အဓိကသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် ဟင်းသီး ဟင်းရွက်များ စဉ်ဆက်မပြတ်စိုက်ပျိုးရေး၊ သဘာဝမြေသြဇာနှင့် သဘာဝပိုးပြေးဆေး ပြုလုပ်နည်း၊ မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponic)၊ ပျိုးဥယျာဉ် (Nursery Farm)၊ ဟင်းသီး ဟင်းရွက်၊သစ်သီးဝလံနှင့် စားဖိုဆောင်သီး နှံများ စိုက်ပျိုးထားရှိမှုများကို ခင်းကျင်းပြသထားပြီးဝန်ထ မ်းများသက်သာချောင်ချိရေးအတွက် ဒေသကြက်များကိုလည်းမွေးမြူ ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here