အာရှခရစ်ကက်ကောင်စီ အမျိုးသမီး ပရီးမီးယားဖလားပြိုင်ပွဲတွင် မြန်မာမှ ဝင်ရောက်ယှဥ်မည်

0
130

အာရှခရစ်ကက်ကောင်စီ အမျိုးသမီး ပရီးမီးယားဖလားပြို င်ပွဲ (ACC Women’s Premier Cup) ကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဥ်ပြိုင်ပွဲမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀) ရက်မှ (၁၈) ရက်အထိ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့တွင် ကျ င်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အာရှခရစ်ကက်ကောင်စီ အမျိုးသမီး ပရီးမီးယားဖလား (ACC Women’s Premier Cup) ခရစ်ကက်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ အုပ် ချုပ်သူ/နည်းပြ(၃)ဦး၊ အားကစားသမား(၁၄)ဦး ၊ စုစုပေါ င်း(၁၇) ဦးတို့သည် ယမန်နေ့နံနက်က လေယာဥ်အမှတ် 8M 501 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကွာလာလမ်ပူမြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်နိုင်ငံပေါင်း (၁၆) နိုင်ငံဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ပြီး (၄)သင်း တစ်အုပ်စုခွဲ၍ ပတ်လည်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကာ မြန်မာအသင်းသည် GROUP A တွင် ထိုင်း၊ကူဝိတ်၊စင်ကာပူနိုင်ငံတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here