ဇရပ်ကြီးမြို့ တိုက်ပွဲအတွင်း ပိတ်မိနေသည့် ဒေသခံ (၅၀၀)ခန့်အား ကယ်ထုတ်ရန် ဆောင်ရွက်နေ

0
158

တောင်ငူခရိုင်၊ ဇရပ်ကြီးမြို့နှင့် အနီးပတ် ဝန်းကျင်ကျေးရွာများအတွင်း တိုက်ပွဲအကြား ပိတ်မိနေသည့် ဒေသခံပြည်သူ (၅၀၀)ခန့်အား ယနေ့ ဖေဖော်ဝါရီ (၉)ရက် ၌ ကူညီကယ်ဆယ်မှုများ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသခံ စစ်ရှောင်အရေး ဆောင်ရွက်နေသူတစ်ဦးက ပေါ်ပြူလားနယူးစ်ကို ပြောသည်။

ဖေဖော်ဝါရီ (၇)က ဖြစ်ပွားခဲ့သော နှစ်ဖက်ထိ တွေ့တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ (၃၅၀၀)ခန့်မှာ တောင်ငူမြို့ရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရပြီး၊ တိုက်ပွဲအကြားပိတ်မိနေသူ (၅၀၀) ဦးခန့် ကျန်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

” တိုက်ပွဲဖြစ်နေတော့ သူတို့တွေ က နေအိမ်တုတ်ကျင်းတွေထဲမှာ ကျန်နေခဲ့တာပါ။ မနေ့ကလည်း ရသလောက်ကယ်ထု တ်ထားပေးပါတယ်။ ကယ်ထုတ်နေရင်းနဲ့ကို ကျန်နေခဲ့တဲ့သူတွေပါ။ လောလောဆယ်တော့ တောင်ငူမြို့မှာဘဲ စစ်ရှောင်စခန်းတွေဖွင့်ပြီးထား ထားပါတယ်” ဟု ၎င်းက ပြော သည်။

လက်ရှိတွင် တောင်ငူမြို့၌ စစ်ရှောင်စခန်း(၁၅)ခုခန့် ဖွင့်လှစ်ထားပြီး ယခင် ရှိနေသော စစ်ရှောင်များနှင့် ပေါင်းလျှင် စစ်ရှောင်အရေအတွက် (၅၀၀၀) ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

စစ်ရှောင်များအနေဖြင့် တစ်ကိုယ်‌ရည်သုံးပစ္စည်းများအပြင် စောင်နှင့် အဝတ်အထည်များအရေးပေါ် အကူအညီလိုအပ်နေကြောင်း သိရသည်။

“ကိုယ်လွတ်ရုန်း ပြေးရတာဆိုတော့ ဘာမှပါမလာကြတာများတယ်။ လောလောဆယ် အဝတ်အစားနဲ့ စောင်တွေလိုနေပါတယ်။ စစ်ရှောင်တွေစားဝတ်နေရေးအတွက် ဒေသခံပြည်သူနဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီး အလှူခံ လိုရတဲ့ဟာနဲ့ ကိုယ်ထူကိုယ်ထ ချက်ပြုတ်ကျွေးမွေးတာတွေလုပ် ပေးနေရတယ်။”ဟု ထပ်မံ ရှင်းပြသည်။

လက်ရှိတွင် ဇရပ်ကြီးမြို့၌ တိုက်ပွဲများ ပြန်လည်ငြိမ်သက်‌နေသည်။

ဇရပ်ကြီးစစ်ရှောင်ပြည်သူများအနေဖြင့် တောင်ငူမြို့ပေါ်ရှိ နဂါးရုံ၊ ရွှေဆံတော်နှင့် အောင်ဇဗ္ဗူ အစရှိသည့် စစ်ရှောင်စခန်းဖွင့်လှစ်ထားရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရကြောင်း သိရသည်။

ပြီးခဲ့ဟော ၂၀၂၃ခုနှစ် နိုဝင်ဘာအတွင်း တောင်ငူခရိုင် နဂါး မောက်ရွာတိုက်ပွဲကြောင့် လက်ရှိအချိန်အထိ စစ်ရှောင်ပြည်သူ (၁,၃၀၀)ကျော် စစ်ရှောင်ခဲကြရ သေးသည်။

ဓာတ်ပုံ-အရှင်စန္ဒောဘာသ


LEAVE A REPLY

Please enter your comment!
Please enter your name here