မင်္ဂလာဒုံတွင် အငှားယာဉ်မှ ဝင်တိုက်မှုကြောင့် စက်ဘီးစီးနင်းလာသူ အမျိုးသားအသက်ဆုံးရှုံး

0
130

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် စက်ဘီစီးနင်းလာသော အမျိုးသား တစ်ဦးအား အငှားယာဉ်မှ ဝင်တိုက်မိခဲ့သည့်အတွက် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် အငှားယာဉ်မောင်းမှ ယာဉ်အားမောင်းနှင်ထွက်ပြေးသွားကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖေဖော်ဝါရီ (၈)ရက်၊ ည (၉)နာရီအချိန်ခန့်က မင်္ဂလာဒုံမြို့န ယ်၊ အမှတ် (၃)လမ်းမ တရားရုံးမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာသို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသားအား ပုလဲမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ မြောက်ဥက္ကလာ၊ မေဓါဝီဆေးရုံသို့ ကူညီပို့‌ဆောင်ပေးကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူ အသက် (၃၀) ကျော် အမျိုးသား၏ အမည်မသိနှင့် နေရပ်ကိုမသိရှိရ‌ေသးသည့်အတွက် သိရှိပါက ကူညီအကြောင်းကြားပေးပါရန် ပုလဲမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ မေတ္တာရပ်ခံထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here