မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်တွင် အမျိုးသမီး (၁)ဦး ရေတွင်းထဲ ပြုတ်ကျသဖြင့် ကယ်ဆယ်ခဲ့ရ

0
102

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ ကျောက်တန်းလမ်းမကြီးဘေးရှိ နေအိမ်တစ်အိမ်တွင် အမျိုးသမီး (၁)ဦး ရေတွင်းထဲ ပြုတ်ကျမှု ဖြစ်ပွားရာ အသက်ရှင်လျက် အောင် မြင်စွာ ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေ သတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဖေဖော်ဝါရီ (၉) ရက် နံနက် (၅) နာရီ၊ (၂၀) မိနစ်အချိန်ခန့်က မုပွန်ရပ်ကွက်၊ ကျောက်တန်းလမ်းမကြီးဘေးရှိ နေအိမ်တစ်အိမ်တွင် အမျိုးသမီး (၁) ဦး ရေတွင်းထဲ ပြုတ်ကျမှုဖြစ် ပွားကြောင်း သတင်းအရ မော်လမြိုင်မြို့နယ် မီးသတ်တပ် ဖွဲ့(ရှာကယ်အဖွဲ့)၊ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအ ဖွဲ့တို့မှ သွားရောက်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

“သူ့ကို ဆွဲတင်တော့ ရမ်းပြီး ပြုတ်ကျသွားမှာ စိုးရတယ်။ သေသေချာချာ ချည်ပြီးတော့မှ ခက်ခက်ခဲခဲ ဆွဲတင်ခဲ့ရတယ်။ အသက်ရှင်ရက် အောင်မြင်စွာ ကူညီကယ်ဆယ်နိင်ခဲ့ပါတယ်။”ဟု ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။

အဆိုပါ ရေတွင်းထဲပြုတ်ကျသူ အမျိုးသမီးမှာ စိတ်ကျန်း မာရေးမကောင်းသူဖြစ်ကြောင်း သိရပြီး ၎င်းအား ရေတွင်းထဲမှ (၁)နာရီခန့် ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရပြီး နံနက် (၆) နာရီကျော်အချိန်တွင် အသက်ရှင်လျက် အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here