မြန်မာလုပ်သား သုံးသောင်းကျော်အထိ တိုးမြှင့်ခေါ်ယူရန် ကိုရီးယားပြင်ဆင်နေ

0
300

ယခု ၂၀၂၄ ခုနှစ်အတွင်း မြန်မာလုပ်သား သုံးသောင်းကျော်အထိ တိုးမြှင့်ခေါ်ယူရန် ကိုရီးယားနိုင်ငံက ပြင်ဆင်နေကြောင်း အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သိရသည်။

ကိုရီးယားနိုင်ငံမှ EPS စနစ်ဖြင့် မြန်မာလုပ်သားများ ခေါ်ယူရာတွင် လုပ်သားတစ်သောင်းကျော်သာ ခေါ်ယူခဲ့သော်လ ည်း မတ်လမှ စတင်ကာ လုပ်သားဦးရေ သုံးသောင်းကျော်ကို အသုတ်လိုက်ခွဲ၍ တိုးမြှင့်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပထမ အသုတ်အဖြစ် လုပ်သားခေါ်ယူမှုကို ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် လုပ်သား ၂၃၂၃၂ ဦး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍအတွက် လုပ်သား ၄၂၀၉ ဦး၊ဆောက်လုပ်ရေး ကဏ္ဍအတွက် ၁၆၃၂ ဦး၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် လုပ်သား ၁၂၉၇ ဦး၊ စုစုပေါင်း လုပ်သား ၃၀၃၇၀ ဦး ခေါ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုရီးယားနိုင်ငံမှ ၁၆ ကြိမ်မြောက် EPS-TOPIK စာ မေးပွဲဖြေဆိုရန်အတွက် online မှ ဖောင်တင်ရန် ဖေဖေါ်ဝါရီလအတွင်း ကြေညာသွားရန်ရှိကြောင်း သိရသည်။

ယခုခေါ်ဆိုမည့် အသုတ်တွင် အမျိုးသမီးများကို ဝန်ဆောင်မှု လုပ်ငန်းအတွက် သီးသန့် စတင်ခေါ်ယူသွားမည်ဟု သိရှိရပြီး အခြေခံပညာ အထက်တန်းအဆင့် အောင်မြင်ရမည်ဖြစ် ကြောင်း သိရသဘည်။

ကိုဗစ်ကာလတွင် EPS စနစ်ဖြင့်လုပ်သားစေလွှတ်မှုကို ရပ် နားထားပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ကိုရီးယားနိုင်ငံမှ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here