ယူကရိန်း ထိပ်တန်းတစ်မှူးတစ်ဦးအား ဇလန်းစကီး ရာထူးမှ ထုတ်ပယ်

0
140

လွန်ခဲ့သည့် ၂ နှစ်နီးပါးကတည်းက ရုရှား-ယူကရိန်းစစ်ပွဲများတွင် ပြောင်မြောက်စွာကွပ်ကဲတိုက်ခိုက်ခဲ့သည့်  ယူကရိန်းထိပ်တန်းတပ်မှူး ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi ကို သမ္မတ ဇလန်းစကီးက ရာထူးမှ မှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။

ယူကရိန်း၏ အလွန်အကျည်းတန်သော တန်ပြန်ထိုးစစ် မအောင်မြင်ပြီးနောက် Zelensky နှင့် ၎င်း၏ ကျော်ကြားသော စစ်ဗိုလ်ချုပ်ကြားတွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သလို၊ လူအင်အားနှင့် ခဲယမ်းမီးကျောက်များ ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရပြီး  အမေရိကန်၏ အကူအညီများကလည်း ရပ်တန့်သွားသည်။

တရားဝင်ကြေငြာချက်မထုတ်ပြန်မီ မကြာမီ ပေးပို့သည့် Telegram ပို့စ်တစ်ခုတွင် ဇလန်းစကီး က Zaluzhnyi နှင့် တွေ့ဆုံခဲ့ပြီး “ယူကရိန်းတပ်မတော်ကို သွေးသစ်လောင်းရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်” ဟု ပြောကြားခဲ့သည်။

“အခု သွေးသစ်လောင်းဖို့အချိန်ရောက်ပြီ” ဟုလည်း ဇလန်းစကီးကရေးသားခဲ့သည်။

Zaluzhnyi ၏နေရာတွင် အစားထိုးမည့် Oleksandr Syrskyi သည် ၂၀၁၉ ခုနှစ်မှ စတင်ကာ ယူကရိန်းမြေပြင်တပ်ဖွဲ့၏ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here