ငြိမ်းချမ်းရေးအတွက် တိုက်ပွဲကို မိမိ မည်သည့်အခါမျှ လက်လျှော့မည်မဟုတ်ဟု ဂူတားရက်စ်ဆို

0
162

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲကို မိမိအနေဖြင့် မည်သည့်အခါတွင်မျှ လက်လျှော့လိမ့်မည်မဟုတ်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်၏ ပြောကြားချက်ကို ကုလသမဂ္ဂ၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာတွင် တင်ထားသည်။

ငြိမ်းချမ်းရေးဆိုသည်မှာ လူသားဆန်မှု၏ အကြီးမားဆုံးတာဝန်ဖြစ်ကြောင်း အန်တိုနီယို ဂူတားရက်စ်ကပြောကြားခဲ့သည်။ “အဲဒီ တာဝန်ဟာ ကျွန်တော်တော်တို့ အားလုံးမှာ တာဝန်ရှိနေပါတယ်။ တစ်ဦးချင်းစီအနေနဲ့ရော အစုအဖွဲ့လိုက်အနေနဲ့ပါ တာဝန်ရှိပါတယ်”ဟု လည်း သူကဖြည့်စွက်ပြောကြားထားသည်။

“ငြိမ်းချမ်းရေးအတွက် တွန်းအားပေးတာကို ကျွန်တော် ဘယ်တော့မှ လက်လျှော့လိမ့်မယ် မဟုတ်ဘူးဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံနိုင်ပါတယ်”ဟုလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here