ကမ္ဘောဒီးယားဖိုက်တာ ပရွမ်စမ်နန်၏ ခြေကန်ချက်ဖြင့် ဒုတိယအချီတွင် ရှုံးနိမ့်ခဲ့သည့် ရာမန်

0
1198

မြန်မာ့ရိုးရာ လက်ဝှေ့ကျော် ရာမာန်သည် ကမ္ဘောဒီးယားဖိုက်တာ ပရွမ်စမ်နန်၏ ခြေကန်ချက်ဖြင့် ဒုတိယအချီတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ရာမန်နှင့် ပရွမ်စမ်နန်တို့သည် ယနေ့ ဖေဖော်ဝါရီလ (၉) ရက်ညတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ MMA လက်အိတ်ဖြင့် (၃) မိနစ် (၃) ချီ ခွန်ခမာအမှတ်ပေးစည်းမျဉ်းဖြင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ ကြခြင်းဖြစ်သည်။

ပထမအချီတွင် ရာမန်က ကမ္ဘောဒီးယား နိုင်ငံ၏ လက်ရှိချန်ပီယံ ပရွမ်စမ်နန်ကို အသာစီး ထိုးသတ်နိုင်ခဲ့သော်လည်း ဒုတိယ အချီတွင် ပရွမ်စမ်နန်၏ ခြေကန်ချက်ကြောင့် ဟန် ချက်ပျက်လဲကျသွားခဲ့ကာ ဒိုင်အမှတ်စဥ်ရောရာတွင် ပြန် လည်ကစားနိုင်ခြင်းမရှိသည့်အတွက် ပရွမ်စမ်နန်က အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိချန်ပီယံ ပရွမ်စမ်နန်သည် ရွှေရာမာန်နှင့် ထိုးသတ်ပြီးပါက မတ်လအတွင်း ထွန်းထွန်းမင်းနှင့် ပြန်လည်ထိုးသတ်ရန် စီစဥ်ထားသည်ဟုလည်း သိရသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here