ထိုင်းရောက် မြန်မာနိုင်ငံသားများ အခွန်ထမ်းဆောင်သူ ၃၆၀၀၀ ဦးဝန်းကျင်ခန့်ရှိဟုဆို

0
130

ထိုင်းရောက် မြန်မာနိုင်ငံသားများထဲမှ လာရောက်အခွန်ထ မ်းဆောင်သူဦးရေ ၃၆၀၀၀ ဦးခန့် ရှိပြီဖြစ်ကြောင်း ဘန် ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

အခွန်းထမ်းဆောင်လိုသည့် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာသံရုံးသို့ ရုံးဖွင့်ရက်များ၌ နေ့စဉ်လာရောက်အခွန်ထ မ်းဆောင်လျက်ရှိကြောင်းလည်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာသံရုံးအနေဖြင့် အခွန်ပေးသွင်းမှု အထောက်အထား (ငွေရပြေစာ) ကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း အ ခွန်စတင်ကောက်ခံသည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၃)ရက်မှ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ (၈) ရက်အထိ ၃၅၉၁၉ ဦး လာရောက်အခွန်ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အခွန်ထမ်းပြည်သူများသည် အခွန်ပေးသွင်းမှု အထောက် အထား (ငွေရပြေစာ) များကို စနစ်တကျသိမ်းဆည်းကြရန် လိုအပ်ပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်တွင် မြို့နယ်ပြည် တွင်းအခွန်ဦးစီးဌာန၌ ဤငွေရပြေစာကို ပြသ၍ ငွေဖြူ (အခွန်ကင်းလွတ်ခွင့်ငွေ) တွက်ချက်ပြီး မြေကွက်၊ နေအိမ်၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည်တို့ ဝယ်ယူရာတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိရေးအတွက် အသုံးပြုနိုင်မည်ဖြစ် ကြောင်းလည်း သိရသည်။

စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်များတွင် စုစည်းအလုပ်လုပ် ကိုင်နေသူများအနေဖြင့် တစ်ဦးချင်း လာရောက်အခွန်ထမ်းဆောင်ရန် မလိုအပ်ဘဲ စက်ရုံအစီအစဉ်ဖြင့် ကိုယ်စားလှယ် တစ်ဦးဦးအား အခွန်ထမ်းဆောင်မည့်သူများကိုယ်စား မြန်မာသံရုံးသို့ စေလွှတ်၍ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်သည် နိုင်ငံကူးလက်မှတ်၌ ရေးသွင်းထားသောအမည် (Name of Passport)၊ ကျား/ မ (Gender)၊ နိုင်ငံကူးလက်မှတ်အမှတ် (Passport Number)၊ မွေးသ က္ကရာဇ် (Date of Birth)၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရ က်စွဲ (Date of Issue)၊ နိုင်ငံကူးလက်မှတ် ကုန်ဆုံးမည့်ရက် စွဲ (Date of Expire)၊ အခွန်ထမ်းဆောင်ထားသော မြန်မာလုပ်သားများအနေဖြင့် မြန်မာသံရုံး (ဗန်ကောက်) နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) သို့ အကြောင်းကိစ္စရှိ၍ လာရော က် ပါက အခွန်ပေးသွင်းမှုအထောက်အထား (ငွေရပြေစာ) ကို ယူဆောင်လာကြရန် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here