ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ယာဉ် (၅) စီးဆင့်တိုက်မှုဖြစ်ပွားပြီး အနည်းဆုံး(၂) ဦး ‌ေ-သဆုံးကာ (၈) ဦး ထိခိုက်ဒဏ်ရာရ၊ (၂)ဦးမှာ စိုးရိမ်ရ

0
331

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၅၈/၅)ဖာလုံအနီးတွင် ယနေ့ ဖေဖော်ဝါရီ (၁၀)ရက်၊ နံနက် (၁၂)နာရီ (၆)မိနစ် အချိန်က ယာဉ်(၅)စီး ဆင့်တိုက်မှု ဖြစ် ပွားခဲ့ပြီး အနည်းဆုံး (၂)ဦး ‌ေ-သဆုံးကာ (၈)ဦးအထိ ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၈/၅) ဖာလုံအနီးတွင် ယာဉ် (၅) စီး ဆင့်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်း မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သစ်ဆန်း Express ယာဉ်မှ အစစ်ဆေးခံရန် ရပ် တန့်ထားသည့် ယာဉ်တန်းကို အနောက်မှ အရှိန်နှင့် ဝင်ရောက်တိုက်မိရာ ယာဉ်ငယ် (၃)စီးမှ ရှေ့က ခိုင်မန္တလေး Express နှင့် ယာဉ်နှစ်စီးကြား ညှပ်တိုက်ခံရသည့် အခြေအနေဖြစ်ကြောင်း သတင်းများအရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သစ်ဆန်း ခရီးသည်ယာဉ်နှင့် ခိုင်မန္တလေး ခရီးသည်ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်သည်။

Toyota RAV 4(အဖြူရောင်) ယာဉ်ပေါ် အမျိုးသား (၃)ဦး၊ အမျိုးသမီး (၃)ဦး၊ စုစုပေါင်း (၆)ဦး အနက် အမျိုးသား (၁)ဦး (‌ေ-သဆုံး)၊ အမျိူးသား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုး ရိမ်ရ)၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ အမျိုးသ မီး (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ဒဏ်ရာများ ရခဲ့ကြောင်း သိရသည်။

ထို့အပြင် Super Custom (အဖြူရောင်) ယာဉ်ပေါ်ရှိ အမျိုး သား (၁)ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း (၃)ဦး အနက်၊ အ မျိုးသား (၁)ဦး (‌ေ-သဆုံး)၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ် ရာ (မစိုးရိမ်ရ)ဒဏ်ရာတို့ရခဲ့ကြောင်း သိရသည်။

အလားတူ Toyota Caldina (လိမ္မော်ရောင်)ယာဉ် ပေါ်ရှိ အမျိူးသား (၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ဆွာလူမှုကူညီရေးအသင်းနှင့် မြို့သစ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်များဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် ဖေဖော်ဝါရီ (၉) ရ က်၊ နေ့လယ် (၂)နာရီခွဲအချိန်ခန့်ကလည်း ယာဉ်တစ်စီး အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ သစ်ပင်အား ဝင်ရောက်တိုက်မိရာ ယာဉ်ပေါ်ပါသူများအနက် အမျိုးသမီး (၁)ဦးနှင့် ကလေးငယ် (၁)ဦးတို့ ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)ရရှိမှု ဖြစ် ပွားခဲ့သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here