ဒုဌဝတီ မြစ်အတွင်း ရေဆင်းချိုးရာမှ လူငယ်တစ်ဦး ပျောက်ဆုံးနေသဖြင့် ဆက်လက်ရှာဖွေ

0
104

မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်ကိုင်းကျေးရွာအနီး ဒုဋ္ဌဝတီမြစ်အတွင်း ရေဆင်းချိုးရာမှ လူငယ် တစ်ဦး ရေနစ်ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ သိရသည်။

ဖေဖော်ဝါရီ (၉)ရက်၊ ညနေ (၄) နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး တိုင်းရုံး)၏ Myanmar Rescue Diver Team သို့ ဆက်သွ ယ် အကူအညီတောင်းခံချက်အရ မြန်မာနိုင်ငံလူမှုကယ်ဆ ယ်ရေးအဖွဲ့ (မန္တလေးတိုင်း)တိုင်းကော်မတီရုံးနှင့် ချမ်း/စည်မြို့နယ်ရုံးမှ ရေငုပ်သမားများ ပါဝင်သော ရေငုပ်ရှာ‌ဖွေ ကယ်ဆယ်ရေးအဖွဲ့များက သွားရောက် ရှာဖွေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ညပိုင်းအထိ မတွေ့ရှိခဲ့သည့်အတွက်ကြောင့် ယနေ့ ဖေဖော်ဝါရီ (၁၀) ရက် နံနက်ပိုင်းတွင် ဆက်လက်ရှာ ဖွေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေနစ်ပျောက်ဆုံးသူ လူငယ်မှာ အသက် (၁၈)နှစ်အရွယ်ရှိ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် (နန)ရပ်ကွက်နေသူဖြစ်ပြီး မြစ်အတွင်း ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here