ပါကစ္စတန်ရဲ့ ပြိုင်ဘက် ဝန်ကြီးချုပ်ဟောင်းနှစ်ဦးလုံးက ရွေးကောက်ပွဲအနိုင်ရကြောင်း အသီးသီး ကြေညာ

0
133

မဲရလဒ်ထုတ်ပြန်ချက်နှေးကွေးမှုတွေ၊ စစ်သွေးကြွတိုက်ခိုက်မှုတွေရှိခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိတယ်လို့ ပါကစ္စတန်နိုင်ငံရဲ့ခါးသီးပြိုင်ဘက် ဝန်ကြီးချုပ်ဟောင်းနှစ်ဦးဖြစ်တဲ့ နာဝပ်ရှရစ်ဖ်နဲ့ အီမရန်ခန်းတို့က အသီးသီးထုတ်ပြန်လိုက်ကြတာကြောင့် တိုင်းပြည်ကို နောက်ထပ်နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။

မစ္စတာ ရှရစ်ဖ်ရဲ့ ပါတီက ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမှာ အမတ်နေရာ အများစုအနိုင်ရခဲ့တယ်လို့ ဆိုခဲ့သလို ပါတီရွေးကောက်ပွဲဝင်ခွင့်ပိတ်ပင်ခံရမှုကြောင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အကျဉ်းစံ ဝန်ကြီးချုပ်ဟောင်း ခန်းကို ထောက်ခံသူတွေကလည်း စုစုပေါင်း မဲရလဒ်မှာ အနိုင်ရခဲ့တယ်လို့ ဆိုခဲ့ကြပါတယ်။

သူ့ပါတီအနေနဲ့ တစ်ပါတီတည်းက အစိုးရဖွဲ့နိုင်လောက်တဲ့ အမတ်အရေအတွက် အနိုင်မရခဲ့တာကြောင့် ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့အတွက် အခြားအစုအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်တယ်လို့ မစ္စတာ ရှရစ်ဖ်က ပြောဆိုပါတယ်။

စစ်သွေးကြွတိုက်ခိုက်မှုတွေကြောင့် လူ ၂၈ ဦး သေဆုံးခဲ့ရတဲ့ ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲ မဲပေးမှု အဆုံးသတ်ပြီး ၂၄ နာရီကျော်အကြာ အမတ်နေရာ ၂၆၅ နေရာအနက် လေးပုံ သုံးပုံကျော်နေရာအတွက် ရလဒ်တွေကို ကြေညာခဲ့ပြီးနောက်မှာ မစ္စတာ ရှရစ်ဖ်ရဲ့ ထုတ်ပြန်ချက်ထွက်လာတာပါ။

ပြတ်ပြတ်သားသား အနိုင်ရသူ မရှိနိုင်ဘူးလို့ လေ့လာသူတွေက ခန့်မှန်းထားပြီး ကွဲပြားမှုတွေ ရှုပ်​ထွေးမူ​တွေနက်ရှိုင်းလှတဲ့ နိုင်ငံရေးပတ်ဝန်းကျင်မှာ စစ်သွေးကြွတွေခေါင်းထောင်လာမှုနဲ့ ကြုံနေရကာ စီးပွားရေးအကျပ်အတည်းကနေ နာလန်ပြန်ထူဖို့ ရုန်းကန်နေရတဲ့ နိုင်ငံမှာ မပြေလည်မှုတွေ တိုးလာဖို့ရှိနေပါတယ်။

မဲရလဒ်တွေအရ ခန်းကို ထောက်ခံထားတဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေက အများစု အနိုင်ရခဲ့ပြီး အမတ်နေရာ ၂၄၅ နေရာအတွက် ရေတွက်ပြီးချိန်မှာ ၉၈ နေရာ အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာ ရှရစ်ဖ်ရဲ့ ပါတီက ၆၉ နေရာအနိုင်ရခဲ့ကာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုရဲ့သား ဘီလာဝါ ဘူတို ဇာဒါရီရဲ့ ပါတီ PPP က အမတ်နေရ ၅၁ နေရာအနိုင်ရခဲ့တယ်လို့ သိရပါတယ်။

The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here