(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်စက်မှုထု တ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

0
211

၂ဝ၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအ မှတ် စက်မှုထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ နယ်ရှိ ပြည်သူရင်ပြင်၌ ကျင်းပခဲ့သည်။

အဆိုပါ ဈေးရောင်းပွဲတွင် အဓိကထုတ်ကုန်များ အပါအဝ င် အခြားသော ထုတ်ကုန်အမည်အမျိုးမျိုးကို ပါဝင်ပူးပေါ င်း ခင်းကျင်းပြသခြင်းများဖြင့် မိမိတို့ထုတ်ကုန်များအား အချ င်းချင်း ပညာရပ်ဆိုင်ရာ ဖလှယ်နိုင်ခြင်း၊ ပြည်သူများ အသိပညာတိုးလျက် ပြည်တွ င်းဖြစ်ကို ပိုမိုဝယ်ယူ အားပေး လာနိုင်ခြင်း၊ ထုတ်ကုန်ပစ္စည်းများ၏ လုပ်ငန်းသဘောသ ဘာဝနှင့် အနာဂတ်အတွက် ရည်ရွယ်ထားသော လုပ်ငန်းများအ တွက် အကြံဉာဏ် အတွေးအခေါ်ကောင်းများ ရရှိစေခြင်း စသည့်ရည်ရွယ်ချက်များဖြင့်တိုင်းဒေသကြီးအတွ င်း၌ ယခုလို ဈေးရောင်းပွဲတော်များ၊ စက်မှုထုတ်ကုန်များ၊ MSME ပြခန်းများကို ခင်းကျင်းပြသခြင်းဖြစ်ကြောင်း တို င်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းကပြောကြားခဲ့သည်။

အဆိုပါ စက်မှုထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင်ရန် ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်င န်းရှင်များ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သ မဝါယမ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရင်း နှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ စားသောက်ဆိုင်ခန်းများအပါ အဝင် ပြခန်းများနှင့်ဆိုင်ခန်းပေါင်း (၄ဝဝ)ခန့် ပြသရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ရက်များအတွင်း နေ့စဉ်စတုဒီသာ ကျွေးမွေးခြင်းများ၊ ဖေဖော်ဝါရီ (၁၂) ရက် ပြည်ထောင်စုနေ့တွင် ရုပ်ရှင်၊ သဘင်နှင့်ဂီတနယ်ပယ်မှအနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here