အမေရိကန်-ထိုင်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ဝါရှင်တန်ဒီစီမှာ မြန်မာ့အရေး ဆွေးနွေးမည်

0
148
Thailand's Foreign Minister Parnpree Bahiddha-Nukara speaks to media during the ASEAN Foreign Ministers' (AMM) retreat meeting in Luang Prabang on January 29, 2024. (Photo by TANG CHHIN SOTHY / AFP)

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ပန်ပရီး ဘာဟင်ဒရာ နူကရာဟာ တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၂) ဝါရှင်တန်ဒီစီမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလစ်ကင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားကာ မြန်မာ့အရေးအပါအဝင် နှစ်နိုင်ငံ အရေးကိစ္စတွေကို အဓိကထားဆွေးနွေးသွားဖို့ရှိတယ်လို့ အဆင့်မြင့် သတင်းရင်းမြစ်တစ်ခုက ပြောဆိုကြောင်း ဒီနေ့(ဖေဖော်ဝါရီ ၁၀) Thai PBS World သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

ဘလင်ကန်ရဲ့ ဖိတ်ကြားချက်အရ ပန်ပရီးဟာ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ အမေရိကန်ပြည်ထောင်စုသို့ နှစ်ရက်ကြာ တရားဝင်အလည်အပတ်ခရီးအတွက် စနေနေ့မှာ ဘန်ကောက်ကနေ ထွက်ခွာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်တဲ့ အာရှ ပစိဖိတ် စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးမှာ သူတို့ နောက်ဆုံးတွေ့ဆုံပြီးကတည်း က သူ့ရဲ့ ခရီးစဉ်ကို အချိန်ယူ စီစဉ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင်က မြို့တော် ဘန်ကောက်မှာ ပန်ပရီးနဲ့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်တို့ တွေ့ဆုံခဲ့မှုအတွင်း သူ့ရဲ့ ခရီးစဉ်အပေါ် အတည်ပြုခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ခရီးစဉ်အတွင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina M Raimondo၊ သမ္မတရဲ့ ဒုတိယလက်ထောက်နဲ့ စွမ်းအင်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးတန်းအကြံပေး Amos Hochstein အပြင် နိုင်ငံခြားရေး မူဝါဒနဲ့ ဒေသတွင်း အကျိုးစီးပွားဆိုင်ရာ အမေရိကန် အထက်လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် လူသားချင်း စာနာထောက် ထားမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ရာ မကြာခင်က နေပြည်တော်မှာ နစကနဲ့ နှစ်နိုင်ငံ စီမံချက်တစ်ခု စတင်ထားခဲ့ပါတယ်။

ယင်းအစီအမံဟာ ပြီးခဲ့တဲ့လက လွန်ပရာဘန် အစည်းအဝေးမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ထောက်ခံထားခဲ့တာဖြစ်ပါတယ်။ ယင်း အစီအမံအတွက် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မျက်နှာချင်းဆိုင်ရှိ ဧရိယာကို ရှေ့ပြေးလုပ်ငန်းနယ်မြေအဖြစ် ရွေးချယ်ထားပါတယ်။

အကူအညီပေးရေးလုပ်ငန်းစဉ်ကို အာဆီယံ လူသားချင်းစာနာမှုနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုက ကြီးကြပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref; Thai PBS World


LEAVE A REPLY

Please enter your comment!
Please enter your name here