တရုတ်မှာ မက်ဆီပုံရိပ် ကျဆင်းလာတာကြောင့် ဟန်ကျိုးမှာ ပြုလုပ်မယ့် အာဂျင်တီးနားအသင်း ချစ်ကြည်ရေးပွဲစဉ်ကို ဖျက်သိမ်း

0
157

ပြီးခဲ့တဲ့ အပတ်က ဟောင်ကောင်မှာ ကစားခဲ့တဲ့ အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ်မှာ လီယွန်နယ်မက်ဆီ ပါဝင်ကစားခြင်း မပြုခဲ့တဲ့အပေါ် ဝေဖန်ရှုတ်ချမှုတွေ ပြင်းထန်စွာပေါ်ပေါက်နေတာကြောင့် နောက်လမှာ ပြုလုပ်မယ့် အာဂျင်တီးနားနဲ့ နိုင်ဂျီးရီးယားတို့ရဲ့ နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲကို တရုတ် အားကစားအာဏာပိုင်တွေက ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

အာဂျင်တီးနားအသင်းဟာ နောက်လ တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ နိုင်ဂျီးရီးယားအသင်း၊ ပေကျင်းမြို့မှာ အိုင်ဗရီကို့စ်အသင်းတွေနဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၄ ရက်က ဟောင်ကောင်မှာ ကစားခဲ့တဲ့ အင်တာမိုင်ယာမီရဲ့ ပွဲစဉ်မှာ မက်ဆီ ဝင်ရောက်ကစားခြင်း မပြုခဲ့တာကြောင့် ပရိသတ်တွေ ဒေါသအကြီးအကျယ် ထွက်ခဲ့ကြပါတယ်။

ဒဏ်ရာကြောင့် အာဂျင်တီးနားကစားသမား ပါဝင်မကစားခဲ့ခြင်းအတွက် ဟောင်ကောင်ပွဲစီစဉ်သူတွေက ပရိသတ်တွေကို လက်မှတ်ဖိုး ၅၀ ရာခိုင်နှုန်း ပြန်အမ်းပေးသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒဏ်ရာရှိခဲ့တယ်ဆိုပေမယ့် မက်ဆီဟာ ဟောင်ကောင်ပွဲအပြီး နောက်ရက်တွေမှာ ပြုလုပ်တဲ့ ဂျပန်နိုင်ငံ ပွဲစဉ်မှာတော့ ပါဝင်ကစားသွားခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားအသင်းနဲ့ ကန်မယ့် အာဂျင်တီးနားရဲ့ ခြေစမ်းပွဲစဉ်ကို ကျင်းပတော့မှာ မဟုတ်ဘူးလို့ ဟန်ကျိုးမြို့ အားကစားအာဏာပိုင်တွေက သောကြာနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် The Star သတင်းရဲ့ ဖော်ပြချက်အရ ပေကျင်းမှာ ပြုလုပ်မယ့် အာဂျင်တီးနား-အိုင်ဗရီကို့စ် ချစ်ကြည်ရေးပွဲစဉ်ကိုလည်း မကျင်းပဖြစ်တော့ဘူးလို့ သိရပါတယ်။

ယခုသတင်းနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ အာဂျင်တီးနား ဘေားလုံးအဖွဲ့ချုပ်တွေက လတ်တလောမှာ တုန့်ပြန်မှတ်ချက်ပေးကြခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here