ကချင်ပြည်နယ်အတွင်း ပြည်နယ် ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသည့် လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြိုးပမ်းကြရန် ပြည်နယ် ဝန်ကြီးချုပ် ပြော

0
103

ကချင်ပြည်နယ်အတွင်း ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသည့် လုပ်ငန်းများ အချိန်မီပြီးစီးရေး သက်ဆိုင်ရာဌာနများနှင့်တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေ ဖြင့် အလေးအနက်ထား ကြိုး ပမ်းကြရန် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောသည်။

၄င်း က၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၉)ရက်၊ မွန်းလွဲပိုင်းက ကချင်ပြည်နယ်အစိုးရအဖွဲရုံး
မလိခခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြည်နယ် ဖွံဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဘဏ္ဍာရန် ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို တင်ဒါစည်းမျဉ်းစည်းကမ်း၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ အရည်အသွေးပြည့်မီစွာ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်း ဝန် ကြီးချုပ်က  လုပ်ငန်းညှိနှိင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက တင်ဒါလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြား ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် တက်ရောက်လာသည့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွ င် ပါဝင်သည့် ဌာန/အဖွဲ့အစည်းများက ဘဏ္ဍာနှစ် အတွင်းလုပ်ဆောင်​နေသည့် လုပ်ငန်းများအပေါ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို တင်ပြခဲ့ကြောင်း သိရသည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကလည်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေ၊  ဆောင် ရွက်ဆဲ လုပ်ငန်းများနှင့် လိုအပ်ချက်/ အခက်အခဲများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ချိန်ပြီးစီးအောင် ကြိုးစားဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here