နေပြည်တော်ကောင်စီဝင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများကို အစားထိုးခန့်အပ်

0
911

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ယနေ့ ဖေဖေါ်ဝါရီ (၁၀) ရက် ရက်စွဲဖြင့် နေပြည်တော်ကောင်စီဝင် (၃) ဦးအား အစားထိုးခန့်အပ်ခြင်းများ ပြုလုပ်ခဲ့သည်။

နစက၏ အမိန့်အမှတ် (၂၀/၂၀၂၄ ၊ ၂၁/၂၀၂၄ နှင့် ၂၂/၂ ၀၂၄ ) တို့အရ နေပြည်တော်ကောင်စီဝင်များ အစားထိုးခန့်အပ်ကြောင်း ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းအမိန့်များအရ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မျိုးဝင်းအစား ဗိုလ်မှူးကြီး ရဲမိုးအားလည်းကောင်း၊ နေပြည် တော်ကောင်စီဝင် ရဲမှူးကြီး ကိုကိုလွင် အစား ဦးမင်းဦးကိုလည်းကောင်း ၊ နေပြည်တော် ကောင်စီဝင် ဦးအောင်ခိုင်ဆွေအစား ဦးဟန်သူကိုလည်းကောင်း အသီးသီး အစား ထိုး ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီးများနှင့် လူမှုရေးဝန်ကြီးများကိုလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ ရက်စွဲဖြင့် ပြောင်းလဲခန့် အပ်ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

နစက အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၄၁၉) အရ ၎င်းအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အသုံးချ၍ ယခု ကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here