(၁) နှစ်အတွင်း EV ယာဉ်အမျိုးမျိုး အစီးရေ (၅၃၀၀) ကျော် မှတ်ပုံတင်ထား

0
156

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ပြည်တွင်း၌ EV ယာဉ်အမျိုးမျိူး အစီးရေ (၅၃၀၈) စီး မှတ်ပုံတင်ထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

လက်ရှိတွင် ပြည်တွင်း EV ဈေးကွက်၌ EV လူစီးယာဉ်အစီးရေ (၂၂၁၇) စီး ၊ EV ကုန်တင်ယာဉ် (ဝန်ပေါ့) အစီးရေ (၁၁) ၊ EV ဆိုင်ကယ်အစီးရေ (၂၈၃၆) ၊ EV သုံးဘီးယာဉ်အစီးရေ (၂၄၄) စီး စုစုပေါင်း (၅၃၀၈) စီး မှတ်ပုံတင်ခွင့် ပြုထားခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်ထဲ၌ EV အမျိုးအစား အများအပြားရှိနေပြီး ကျပ်သိန်း (၈၀၀) ကျော်မှ ကျပ်သိန်း (၂၀၀၀) ဝန်း ကျင်အထိ ပေါက်ဈေးရှိနေကြောင်းလည်း သိရသည်။

လက်ရှိတွင် EV ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ လုပ်ကိုင်ရန် ကုမ္ပဏီ(၈၀) ကျော်ကို လုပ်ကိုင်ခွင့်ပြုထားသော်လည်း ကုမ္ပဏီ (၃၀) ကျော်သာ လုပ်ကိုင်ခွင့်ရနေကြောင်း သိရသည်။

လျှပ်စစ်ကား EV ယာဉ်တင်သွင်းရောင်းချခွင့်အတွက် ကုမ္မဏီ (၈၁) ခုကို ခွင့်ပြုထားပြီး ဖေဖော်ဝါရီ (၁) ရက်မှစ၍ Brand Showroom ဖွင့်လှစ်ရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့် ကုမ္ပဏီများကိုသာ သွင်းကုန်လိုင်စင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်ပမှ နှစ်စဉ်တင်သွင်းနေရသည့် စက်သုံးဆီပမာဏကို လျှော့ချနိုင်ရန်အတွက် ကားတင်သွင်းခွင့်ပါမစ်ကို ကန့်သတ်ထားသော်လည်း လျှပ်စစ်စွမ်းအင်သုံး (EV) မော်တော်ယာဉ်များကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့် ပေးထားသည့်အပြင် ပြည်တွင်း၌ လာရောက်ရင်း နှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here