မြိတ်မြို့တွင် နာ/ကူ အသင်းရုံးခန်းအပါအဝင် နေအိမ် (၆) လုံးနှင့် အသင်းပိုင် ယာဉ်အချို့ မီးလောင်မှုဖြစ်

0
161

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ ဇေယျာသီရိ (၂)ရပ်ကွက်တွင် နာရေးကူညီမှုအသင်းရုံးခန်းအပါအဝင် နေအိမ် (၆) လုံး နှင့် အသင်းပိုင် မော်တော်ယာဉ်များ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အချိန် (၁)နာရီခန့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဖေဖော်ဝါရီ (၁၁)ရက် နံနက် (၂)နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြိတ်မြို့နယ် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁) စီး၊ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊မီးသတ်ရေသယ်ယာဉ် (၃) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ အချိန် (၁)နာရီခန့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၃)နာရီ (၃၅)မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကရုဏာနာရေးကူညီမှုအသင်း ရုံးအပါဝင် နေအိမ် (၆) လုံးနှင့် အသင်းပိုင် မေော်တော်ယာဉ် (၂) စီး မီးလောင်ဆုံးရှုံခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ် စာရင်းများကို မီးသတ်တပ်ဖွဲ့မှ တွက်ချက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here