ဟန်ဂေရီသမ္မတ ရာထူးမှ နုတ်ထွက်

0
124

ဟန်ဂေရီသမ္မတ ကက်တလင်းနိုဗက်သည် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုမှုကိစ္စတွင်ပါဝင်သူတစ်ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ မကျေနပ်မှုများပေါ်ထွက်လာခဲ့ပြီးနောက် အရှုပ်တော်ပုံတစ်ခုပေါ်ပေါက်လာပြီးနောက် ရာထူးမှနုတ်ထွက်ကြောင်း သူကိုယ်တိုင် ကြေညာခဲ့သည်။

“ကျွန်မ အမှားလုပ်မိပါတယ်” ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် မိန့်ခွန်းတွင် နိုဗက်က ပြောကြားခဲ့သည်။ စနေနေ့သည် နိုင်ငံတော် သမ္မတအဖြစ် မိန့်ခွန်းပြောသည့် နောက်ဆုံးနေ့ဖြစ်ကြောင်းကိုလည်း သူက ဆက်လက်ပြောသည်။

သူ၏ ဆုံးဖြတ်ချက်ကြောင့် စိတ်ထိခိုက်ခံစားခဲ့ရသူတိုင်းကိုလည်း နိုဗက်က ရုပ်မြင်သံကြားမှတစ်ဆင့် တောင်းပန်ခဲ့သည်။ “နိုင်ငံရေးဆိုတာ ခက်ခက်ခဲခဲလုပ်ဆောင်ရတာဖြစ်သလို တခါတရံမှာလဲ ရက်စက်တဲ့ ကမ္ဘာတစ်ခုလိုပါပဲ” ဟုလည်း နိုဗက်က သူ၏ နောက်ဆုံး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ သို့ရာတွင် သူ့နိုင်ငံနဲ့ ပြည်သူများအတွက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရခြင်းကို ဝမ်းသာကြောင်းလည်း ပြောကြားသည်။

ဟန်ဂေရီရှိ အတိုက်အခံပါတီများအားလုံးကလည်း နိုဗက်အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here