ဖိလစ်ပိုင် မြေပြိုမှု ‌ေ-သဆုံးသူ ၃၇ ဦးအထိ တိုးလာ

0
155
This handout photo taken on February 7, 2024 and obtained from the Facebook page of the Office of the Provincial Fire Marshal (OPFM) Davao de Oro shows damaged properties at the site of a landslide in Maco, Davao de Oro. (Photo by Handout / Office of the Provincial Fire Marshal (OPFM) Davao de Oro / AFP)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မြေပြိုမှုတစ်ခုအတွင်း ‌ေ-သဆုံးသူဦးရေ ၃၇ ဦးအထိ တိုးလာခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၁၁) မှာ ပြောဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေအနေနဲ့ အသက်ရှင်ကျန်ရစ်သူ တွေ့နိုင်တဲ့ မျှော်လင့်ချက်ကင်းမဲ့သလောက်ဖြစ်နေပေမယ့် ရွှံ့မြေတွေအောက် ရှာဖွေမှုတွေ ဆက်လုပ်နေကြတာဖြစ်ပါတယ်။

ဒါဗာအို ဒီအိုရိုပြည်နယ် မာကိုမြို့ရှိ ရွှေမိုင်းတစ်ခုပြင်ပမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူနေအိမ်တွေနဲ့ Apex Mining ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်နေတဲ့ ရွှေမိုင်းတစ်ခုမှ လုပ်သားတွေ တင်ဆောင်ထားတဲ့ မော်တော်ယာဉ်တွေ မြေအောက်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ရုပ်အလေ-ာင်းနှစ်လေ-ာင်း ထပ်တွေ့ခဲ့တာကြောင့် လက်ရှိအထိ မြေပြိုဖြစ်စဉ်မှာ ‌ေ-သဆုံးရသူ ၃၇ ဦးအထိ ရှိလာခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အက်ဒ်ဝပ် မာကာပီလီက ပြောဆိုပါတယ်။ သို့ပေမယ့် မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်မှာတော့ ၇၇ ဦးကနေ ၆၃ ဦးအထိ ကျဆင်းသွားခဲ့ပြီး ဒဏ်ရာရသူ ၃၂ ဦးရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ကာ ပျောက်ဆုံးသူ အရေအတွက် အပြောင်းအလဲဖြစ်သွားရတဲ့ အကြောင်းရင်းကိုတော့ လတ်တလောမှာ သူတို့ ပြောဆိုခြင်း မရှိသေးပါဘူး။

ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာ လူပေါင်း ၃၀၀ ကျော် ပါဝင်ဆောင်ရွက်နေတာဖြစ်ပေမယ့် မိုးသည်းထန်မှု၊ ပြိုကျရွှံ့မြေ ထူထပ်မှုနဲ့ ထပ်မံမြေပြိုကျလာနိုင်တဲ့ အန္တရာယ်တွေကြောင့် လုပ်ငန်းတွေ နှောင့်နှေးမှုဖြစ်ရကြောင်းနဲ့ တနင်္ဂနွေနေ့မနက်ပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်စနေခဲ့ကြောင်း မာကာမီလီက ပြောဆိုခဲ့ပါတယ်။

Ref: US News, CNA


LEAVE A REPLY

Please enter your comment!
Please enter your name here