တစ်နှစ်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွင် စင်ကာပူနိုင်ငံမှ အများဆုံးဖြစ်

0
225

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့သည့်  နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွင် စင်္ကာပူနိုင်ငံမှ အများဆုံးဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၏ ပြောကြားချက်အရ သိရသည်။

အလားတူ တရုတ်နိုင်ငံမှ ဒုတိယ၊ ဂျပန်နိုင်ငံမှ တတိယရင်း နှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် အများဆုံးရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားကြောင်း သိရသည်။

စင်ကာပူနိုင်ငံမှ ကန်ဒေါ်လာ ၃၄၆ ဒသမ ၄၀၇ သန်း၊ တရုတ်နိုင်ငံမှ ကန်ဒေါ်လာ ၂၃၆ ဒသမ ၂၆၄ သန်းနှင့် ဂျပန်နိုင်ငံမှ ကန်ဒေါ်လာ ၉၉ ဒသမ ၃၅၃ သန်းဖြင့်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍ (၈)ခုမှ လုပ်ငန်းပေါင်း (၇၇) ခု ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ကန်ဒေါ် လာ ၇၇၄ ဒသမ ၀၈၄ သန်းခွင့်ပြုထားပြီး လျှပ်စစ်ကဏ္ဍအတွက် ကန်ဒေါ်လာ ၃၇၄ ဒသမ ၅၂၅ သန်း၊ စက်မှုကဏ္ဍအတွက် ကန်ဒေါ်လာ ၁၈၉ ဒသမ ၃၈ သန်းနှင့် ဝန်ဆောင်မှုကဏ္ဍအတွက် ကန်ဒေါ်လာ ၉၃ ဒသမ ၂၇၆ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကဏ္ဍ (၉)ခု၊ လုပ်ငန်းပေါင်း(၇၄)ခုတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် မြန်‌မာငွေကျပ် ၁၂၉၅ ဒသမ ၂၅၄ ဘီလီယံခွင့်ပြုထားပြီး စက်မှုကဏ္ဍအတွက် ကျပ် ၈၇၆ ဘီလီယံ၊ လျှပ်စစ်ကဏ္ဍအတွက် ကျပ် ၁၆၉ ဒသမ ၈၄၃ ဘီလီယံကျပ်၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍအတွက် ကျပ် ၁၁၇ ဒသမ ၀၅ ဘီလီယံကျပ် ရင်းနှီးမြှုပ်နှံထားပြီး ရှမ်းပြည်နယ်၊ ရန်ကုန်နှင့် မန္တလေးတို့တွင်အများဆုံးရင်းနှီးမြှုပ်နှံထားကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here