ကားဈေးကွက် ပုံမှန်အတိုင်းသာ အရောင်းအဝယ်ဖြစ်နေဟုဆို

0
256

ပြည်တွင်း ကားဈေးကွက်အတွင်း ပုံမှန်အတိုင်းသာ အရောင်းအဝယ်ဖြစ်နေကြောင်း ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

” ကားဈေးကွက်က တက်လည်းမတတ်ဘူး။ ကျလည်းမကျဘူး။ ပုံမှန်အတိုင်းပဲ အရောင်းအဝယ်ဖြစ်နေတယ်။ ဈေးတက်ဖို့ဆိုတာက ရာခိုင်နှုန်းအားဖြင့် နည်းပါတယ်”ဟု ကားဝယ်ရောင်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခဲ့ပြီးနောက် ပြည်တွင်းကားဈေးကွက်အတွင်း ကားတစ်စီးလျှင် ကျပ်သိန်း၂၀၀ ဝန်းကျင်ကားများ ကျပ်သိန်း ၃၀၀ အထိ မြင့်တက်သွားခဲ့သည်။

“အရင်ကတက်သွားတာ တအားများတယ်။ အခုတော့ နည်းနည်းပြန်ကျသွားတာ။ ပုံမှန်အတိုင်းဖြစ်နေတယ်။ ဒီအတိုင်းနဲ့ ငြိမ်နေတယ်”ဟု ၎င်းက ဆိုသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကို လွတ်လပ်စွာ ရောင်းချခွင့်ပြုထားသော်လည်း နိုင်ငံခြားသုံးငွေ လိုအပ်ချက်ကို လျှော့ချရန် ပြည်ပမှ ကားတင်သွင်းခွင့် ပါမစ်ပိတ်ထားသဖြင့် ဝယ်လိုအားကောင်းလာချိန် ကားဈေးအနည်း ငယ်မြင့်တက်လာသေးသည်။

လက်ရှိ ကားဈေးကွက်တွင် အမှန်တကယ်စီးမည့်သူ ဝယ်လိုအား ၃၀ ရာခိုင်နှုန်းခန့်သာရှိပြီး ဝယ်ရောင်းရင်းနှီးမြှုပ်နှံသူတွေသာ ဝယ်ရောင်းလုပ်နေကိုင်ကြကြောင်း သိရသည်။

EV ကားများစျေးသက်သာစွာဝင်ရောက်လာမည့် သတင်းများထွက်ပေါ်နေခြင်းကလည်း ကားစျေးကို အေးစေခြင်းဖြစ်နိုင်ဟု ကားလိုင်းပြေးဆွဲနေသူတစ်ဦးသူ၏ယူဆချက်ကိုပြောပြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here