စင်ကာပူတွင် အိမ်အကူလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်သူ များပြားနေ

0
214

မြန်မာနိုင်ငံသားများအား စင်ကာပူ နိုင်ငံတွင် အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်ခြင်းကို အစိုးရမှ တရားဝင်ခွင့်ပြုထားခြင်းမရှိသော်လည်း ပွဲစားများနှင့်ချိတ်ဆက်၍ သွားရောက်လုပ်ကိုင်မှု မြင့်တက်နေကြောင်း ယင်းလုပ်ငန်းနှင့်နီးစပ်သူများထံမှ သိရသည်။

ကိုဗစ်ကာလ မတိုင်ခင်ထိ စင်ကာပူတွင် အိမ်အကူများအဖြစ် သွားရောက်လုပ်ကိုင်နေသည့် မြန်မာလုပ်သားသောင်းနှင့်ချီရှိကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ သွားရောက် လုပ်ကိုင်လျက်ရှိသည့် မြန်မာအမျိုးသမီးငယ်များ အဓိကရင်ဆိုင်ကြရသည့် ပြသနာများသည် ဘာသာစကား မကျွမ်းကျင်မှုအပြင် အိမ်ရှင်များ၏ နှိ-ပ်စ-က်ညှ-ဉ်းပမ်းမှု၊ အလုပ်နှင့်ပတ်သက်သည့် စာချုပ်ပါခံစားခွင့်များကို နားမလည်ခြင်းတို့ဖြစ်ကြောင်းလည်း သိရသည်။

” ပွဲစားတွေနဲ့ ချိတ်ပြီးလာကြတာများတယ်။ ၂၀၂၂ နောက်ပိုင်းကစပြီး လာတာတွေ့ရတယ်။ တရားဝင်ခွင့်မပြုထားတော့ ပွဲစားတွေကနေတဆင့်လာကြတာ”ဟု စင်္ကာပူရောက်မြန်မာလုပ်သားတစ်ဦးက ပြောသည်။

ထို့အပြင် အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်နေသူများသည် မြန်မာနိုင်ငံမှ လူပွဲစားများ၏ ခေါင်းပုံဖြ-တ်မှုကိုလည်း ခံကြရကြောင်း သိရသည်။

ပြည်ပသို့လုပ်သားစေလွှတ်ရာတွင် တရားဝင်လုပ်သားစေလွှတ်ရာတွင် MOU စနစ်ဖြင့် ထိုင်း၊ တောင်ကိုရီးယားနှင့် ဂျပန်သို့ စေလွှတ်လျက်ရှိကြောင်း၊ ထို့ပြင် ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၃၁)ရက်အထိ ပြည်ပနိုင်ငံ (၉၄) နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမား (၁၇ ) သိန်းကျော်ကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ခွင့်ပြု၍ စေလွှတ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here