ပိတ်ရက်ခရီးသွားကားများအမြန်လမ်းမိုင်​ကျော်သတိထား

0
136

တရုတ်ရိုးရာ နှစ်ကူးကာလနှင့် အစိုးရ ရုံးပိတ်ရက်ဖြစ်သည့် ပြည်ထောင်စုနေ့အပါအဝင် စနေ တနင်္ဂနွေရုံးပိတ်ရက်များ တိုက်ဆိုင်နေသည့်အတွက် ယင်းပိတ်ရက်အတွင်း ခရီးထွက်ခွာသူများ များပြားလျက်ရှိသည်။

ယင်းကဲ့သို့ ပိတ်ရက်ခရီးသွားများ များနေသဖြင့် အမြန်လမ်းတွင် ကားများလျှက်ရှိသလို ကားမတော်တဆမူများ မဖြစ်စေရန် မိုင်ကျော်မောင်းနှင်သူများအား စက်မှတ်တမ်းဖြင့် စာရင်းမှတ်ခါ ဒဏ်ကြေး ကောက်မှုများကို လုပ်ဆောင်လျှက်ရှိသည်။

ထိုသို့ ဒဏ်ကြေးကောက်မှုများကို ယခင်ကတည်းက ဆောင်ရွက်နေခြင်း ဖြစ်သော်လည်း ယခုကာလတွင် ပိုမိုကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဖေဖေါ်ဝါရီ (၁၀) ရက် ညနေက ရန်ကုန်အဝင်တွင် ဒဏ်ကြေးမိကားများ အစီး ၁၀၀ ခန့်ရှိမည်ဟု ဒဏ်ကြေးထိ ယာဥ်မောင်းတစ်ဦးက ပြောသည်။

“မိုင်တိုင် ၇၆ လောက်မှာ ဖမ်းတဲ့ကားကို ကျွန်းလယ်မှာ ဘွားကနဲ တွေ့မိတယ်၊ ရန်ကုန်အဝင်ကျတော့ စက်က ကီလိုနည်းနည်းကျော်နေတာပြတယ်။ ဒဏ်ကြေး တစ်သိန်းပေါ့။ လမ်းမှာလည်း ၁၅၈ မိုင် ၅စီးဆင့်တိုက်ထားတာကြီးကို ကြောက်ခမန်းလိလိ တွေ့ခဲ့သေးတယ်။ ကိုယ်လည်း ပုံမှန်နင်းရင်း ကီ လို ကျော်သွားတတ်လို့ အားလုံးပဲ သတိထားကြပါလို့” ဟု ၎င်းက ဆိုသည်။

ယနေ့သည် ပိတ်ရက်ခရီး အပြန်ရက်ဖြစ်သဖြင့် အမြန်လမ်းသွားယာဉ်မောင်းများအနေဖြင့် စိတ်ရှည်ရှည်နှင့် သတိထား မောင်းနှင်ကြပါရန် နိုးဆော်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here