ကျိုက်ထို ကင်မွန်းစခန်းလမ်းပေါ်တွင် ခရီးဘုရားဖူး မှန်လုံယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

0
184

ယမန်နေ့ ဖေဖော်ဝါရီ (၁၁) ရက် ညနေ (၄) နာရီအချိန်ခန့်က ကျိုက်ထီးရိုးဘုရားမှပြန်လာသည့်ဘုရားဖူးမှန်လုံယာဉ်တစ်စီးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ဘုရားဖူးမော်တော်ယာဉ်သည် ကျိုက်ထီးရိုးဘုရားမှအပြန် မောင်းနှင်လာစဉ် အင်ဂျင်ခန်းအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ဘုရားဖူးယာဉ် မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကျိုက်ထိုမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ Foam မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းမှ ရေသယ်ယာဉ် (၁) စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဝိုင်းဝန်ငြှိမ်းသတ်ခဲ့မှုကြောင့် ညနေ (၄) နာရီ (၂၀) မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here