ဖိလစ်ပိုင်မြေပြိုမှုကြောင့် ‌ေ-သဆုံးသူ ၅၄ ဦးအထိရှိလာ

0
125

မနီလာ၊ဖေဖော်ဝါရီ ၁၁

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကဖြစ်ပွားခဲ့သည့် ဖိလစ်ပိုင် မြေပြိုမှုကြောင့် ‌ေ-သဆုံးသူ သည် ၅၄ ဦးအထိ များလာပြီဖြစ်ကြောင်းသိရသည်။

ယခုအထိ မိုင်းလုပ်သားများနှင့်ဒေသခံ ၆၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး တောင်ပိုင်းမဆာရာရွာရှိ အပျက်အစီးများအောက်မှ ရုပ်အလေ-ာင်း ၁၉ လေ-ာင်းကိုလည်း တနင်္ဂနွေနေ့ကဆယ်ယူရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

အင်္ဂါနေ့ညက မြေပြိုမှုကြောင့် ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုမှ ဝန်ထမ်းများအတွက် ဘတ်စ်ကားဂိတ်တစ်ခုနှင့် အနီးနားရှိ နေအိမ် ၅၅ လုံး နစ်မြုပ်ခဲ့ပြီး အခြားလူပုဂ္ဂိုလ် ၃၂ ဦးလည်းဒဏ်ရာရရှိခဲ့သည်။

မြေပြိုမှုကြောင့်အပျက်အစီးများအောက်၌ လူများပိတ်မိကာ ‌ေ-သဆုံးမှုများရှိခဲ့သော်လည်း သောကြာနေ့ကမူ ကယ်ဆယ်ရေးသမားများသည် အသက် (၃) နှစ်အရွယ်ကလေးငယ်လေးအား အပျက်အစီးများအောက်မှ အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။

ပျောက်ဆုံးနေသူများအားလုံးကို ပြန်ရှာတွေ့သည်အထိ ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များကကတိပြုထားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်စ်အင်န်/ဇက်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here