လေကြောင်းခရီးစဥ်အချို့ ရပ်ကွက်ထောက်ခံစာပါမှ လက်မှတ်ရောင်းချရန် ညွှန်ကြားမှုများရှိလာ

0
189

ပြည်တွင်းလေကြောင်း ခရီးစဉ်အချို့၏ လေယာဉ်လက်မှတ်များဝယ်ယူရာတွင်ကို ရပ်ကွက်ထောက်ခံ ပါရန်လိုအပ်လာပြီဖြစ်သည်။

ယခုရက်ပိုင်းအတွင်းထွက်ပေါ်​နေသည့် ညွှန်ကြားချက်များအရ ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူလေဆိပ်နှင့် တနင်္သာရီ တိုင်းအတွင်းရှိ မြိတ်လေဆိပ်တို့တွင် အဆိုပါ ညွှန်ကြားချက်များ ညွှန်ကြားထားကြောင်း သိရသည်။

အခြားလေဆိပ်များတွင်လည်း ယင်းကဲ့သို့ ညွှန်ကြားထားနိုင်ကြောင့် ခန့်မှန်းသုံးသပ်မှုများ ရှိနေသော်လည်း ပေါ်ပြူ လာနယူးစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယခု ထွက်ပေါ်​နေသည့် ညွှန်ကြားချက်များအရ ကျောက် ဖြူ‌လေဆိပ်နှင့် မြိတ် လေဆိပ်မှတဆင့် လေယာဉ်ဖြင့် ရန်ကုန်သို့ သွားရောက်မည့် ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ်ဝယ်ယူရာတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်‌ရေးမှူး၏ ထောက်ခံစာပါရှိရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အကယ်၍ E-Ticket ဖြင့် ဝယ်ယူပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်အား လေဆိပ်သို့ ယူဆောင်လာစေရေး ဆောင်ရွက်သွားရန်ဟုလည်း သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ အသိပေးအ ကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

“စစ်တွေကတော့ ရပါသေးတယ်။ ကျောက်ဖြူမှာတော့ စာထုတ်ထားတာ ဟုတ်ပါတယ်”ဟု လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ (၁၁) ရက်က ကျောက်ဖြူခရိုင် ထွေအုပ်အစည်း ဝေးခန်းမတွင် ပြုလုပ်သည့် အစည်းအဝေး ဆုံးဖြတ်အရ ကျောက်ဖြူမှ ရန်ကုန်သို့ သွားမည့် ခရီးသည်များအနေဖြင့် ခရီးသွားရက်မတိုင်မီ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ကာ လေကြောင်းလိုင်းဖြင့် ခရီးသွားခွင့်တော င်းခံရမည်ဖြစ်ပြီး ထွေအုပ်ရုံးမှ ခွင့်မပြုသူများကို စီးနင်းခွင့်ပြုတော့မည်မဟုတ်ကြောင်း ညွှန်ကြားထားသည်ဟု ‌MAI လေကြောင်းလိုင်းက ဌာနတွင်းညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ခွင့်ပြုချက်ရရှိထားသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျန်းမာရေးမကောင်းသူများကိုသာ လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါခွင့် ပြုတော့မည်ဖြစ်ပြီး ကျန်မည်သည့်ခရီးသည်ကိုမျှ ကျောက်ဖြူမှ ရန်ကုန်သို့ သွားရောက်ခွင့် ပြုတော့မည်မဟုတ်ကြောင်းလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့အပြင် တနင်္သာရီတိုင်း ၊ မြိတ်လေဆိပ်မှ တဆင့်ခရီးသွားမည့် ပြည်သူများအနေဖြင့်လည်း လေယာဉ်လက်မှတ်ဝယ် ယူရာတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်‌ ရေးမှူး၏ ထောက်ခံစာပါရှိရမည်ဖြစ်ကြောင်း သိရသည်။

အကယ်၍ E-Ticket ဖြင့် ဝယ်ယူပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်အား လေဆိပ်သို့ ယူဆောင်လာစေရေး ဆောင်ရွက်သွားရန်ဟုလည်း သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ အသိပေးအကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here