မြင်းမူမြို့နယ်ရှိ ကုလားပဲစိုက်ခင်းများ စတင်ရိတ်သိမ်းရောင်းချနေ

0
284

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဆောင်းသီးနှံ ကုလားပဲစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့ရောင်းချလျှက်ရှိသည်။

“အခုလက်ရှိ (၁)တင်း (၉၅၀၀၀) ကျပ် နဲ့ ရောင်းရတော့ အရင်းနှုတ်ပြီး တစ်ဧက အမြတ်ငွေ (၁၉) သိန်းကျော်ရနေပါတယ်” ဟု ပဲစိုက်တောင်သူ ဒေါ်အေးနွယ်ကပြောသည်။

တောင်သူအများစုအနေဖြင့် အထွက်နှုန်း ပိုမိုကောင်းမွန်သည့် ရေဆင်း(၁၁) ပဲမျိုးကို အဓိကထားစိုက်ပျိုးကြကာ (၁) ဧက ကုန်ကျစရိတ်သည် မျိုးစေ့၊ ထွန်ယက်ခနှင့်ဆေးဝါးအသုံးပြုခအပါအဝင် ငွေကျပ်တစ်သိန်းရှစ်သောင်းကျော် နှစ်သိန်းနီးပါးကုန်ကျပြီး တစ်ဧက ကုလားပဲတင်း(၂၀)ထွက်ရှိကြောင်း သိရသည်။

မြင်းမူမြို့နယ်တွင် ဆောင်းသီးနှံကုလားပဲ (၁၃၂၃၇) ဧကကိုစိုက်ပျိုးရန်လျာထားခဲ့ရာ ရာနှုန်းပြည့်နီးပါး စိုက်ပျိုးနိုင်ခဲ့ပြီး မြင်းမူမြို့နယ်၏ ကုလားပဲထွက်ရှိမှုသည် ယမန်နှစ်က ပျှမ်းမျှ (၁) ဧကလျှင် ၁၈ ဒဿမ ၇၃ တင်း ထွက်ရှိခဲ့ကာ ယခုနှစ်တွင် ပျမ်းမျှ တင်း (၂၀) ဝန်းကျင် ထွက်ရှိကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here