ပြည်တွင်းခရီးသွားလုပ်ငန်းများ ဧပြီလအထိဘွတ်ကင်များရရှိထား

0
248

ဧပြီလအထိ ပြည်တွင်းခရီးသွားလုပ်ငန်းများ အနေဖြင့် ကြိုတင်ဘွတ်ကင်များ ရရှိထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ပြီးခဲ့တယ့်နှစ် နိုဝင်ဘာလမှာ ပြည်တွင်းခရီးသွားက ကျခဲ့ရာကနေ ဒီဇင်ဘာလက‌နေစပြီး ပြန်တတ်လာတယ်။ ဒီလထဲမှာဆိုရင် ကလေးတွေစာမေးပွဲပြီးတာနဲ့ ခရီးသွားဖို့အတွက် ကြိုတင်ဘိုကင်လုပ်ထားမှုတွေရှိတယ်လို့ သိရတယ်။ ဧပြီလအထိကို ပြည်တွင်းခရီးသွားက တက်ဖို့ရှိတယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

၂၀၂၃ခုနှစ်အတွင်း ပြည်တွင်း၌ ခရီးသွားဝင်ရောက်မှုအရေအတွက် ပြန်လည်များပြားလာခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ခရီးသွားဝင်ရောက်မှု ၈ ဒသမ ၈၅ သန်းအထိ ရှိခဲ့ပြီး ပြည်တွင်းခရီးသွား ပိုများနေကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုံခြုံစိတ်ချရသော ခရီးစဉ်ဒေသများဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလာရောက်စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စီမံဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမ္ဘာလှည့်ခရီးသွားများ လုံခြုံချောမွေ့စွာသွားလာလည်ပတ်နိုင်ရေး Rescue Service ကူညီနိုင်ရေးကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။

Photos- ဝင်းဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here