တိုက်ပွဲကြောင့် မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေ

0
183

လတ်တ‌လော ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသည့် တကျော့ပြန် တိုက်ပွဲများကြောင့် မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်နေကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပြည်တွင်း လိုအပ်ချက်ကြောင့် မြန်မာနိုင်ငံထံမှ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူများနှင့် အခြားကုန်စည်များကို တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ (၁၃) ရက်ကစဖြစ်တာတိုက်ပွဲက။ ဒါပေမဲ့ အဲဒီချိန်တုန်းက အနည်းအကျဉ်းသွားသေးတယ်။ ဒီဇင်ဘာလကျတော့ လုံးလုံးကြီးရပ်သွားတာပေါ့။ ပို့လည်းမပို့ရဘူး။ တော်တော်လေး ထိခိုက်မှုရှိတာပေါ့” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာနိုင်ငံသို့ အာလူး၊ ပလက်စတစ်ကုန်ပစ္စည်း၊ အလူမီနီယံ၊ ဆေးဝါး၊ အလှကုန်ပစ္စည်း၊ အစားသောက်နှင့် chips များကို အဓိက တင်ပို့ခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ်၏ ဆယ်လကျော်ကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁၃ ဒသမ ၂၀၂ သန်းရရှိထားပြီး ယင်းတွင် ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁၂ ဒသမ ၁၁၃ သန်းနှင့် သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၁ ဒသမ ၀၈၉ သန်း ရရှိထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here